Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၁၃"
"အစ်ကို မြတ်နွယ်ပြောစရာရှိတယ်"
တိတ်ဆိတ်နေသောထမင်းဝိုင်းလေးက အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။
နေထက် အကျင့် စရိုက် အမူအကျင့်တွေကလည်း တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည့်ကို မိသားစုဝင်တိုင်း သတိထားမိကြ၏။
မိသားစု နှင့် အတူ ထမင်းအတူ စားတတ်လာသည့်အခါ ထိုအကျင့်လေးက သူရင်ထဲကို နွေးထွေးစေခဲ့သည်။
အထူးသဖြင့် သားနှင့် ရိပ် မျက်နှာလေးကို မြင်နေရသည့်က သူ ရင်ကို အေးချမ်းစေပါသည်။
ဇနီးဖြစ်သူ၏ စကားကြောင့် ဦးထက်နောင် ထမင်းတစ်ဇွန်း ခပ်စားလိုက်ပြီး
"ပြောလေ မြတ်နွယ်"
ဒေါ်မြတ်နွယ် သမီးဖြစ်သူကို ဂရုဏာ သတ်စွာကြည့်လိုက်ပြီး
"မြတ်နွယ် သမီး ကို အိမ်ထောင်ချပေးချင်တယ် အစ်ကို single mother တစ်ယောက် အဖြစ်နဲ့ သမီး ရပ်တည်ဖို့ က မဖြစ်နိုင်ဘူးလေ"
"ခလွမ်း"
ဒေါ်မြတ်နွယ် စကားကြောင့် နေထက် လက်ထဲမှာ ကိုင်ထားသည့် ဇွန်းပင် လွှတ်ကျသွားရလေသည်။
ရိပ် ကတော့ ခေါင်းလေးကို ငုံ့ရင်း ထမင်းစားနေသည့်က ဟန်မပြတ်ပင် ဖြစ်သည်။
"နေပါဦး မြတ်နွယ်က ဘယ်သူနဲ့ သဘောတူတာလဲ"
ဦးထက်နောင်က စိတ်ဝင်တစားမေးလိုက်သည့်အခါ ဒေါ်မြတ်နွယ် အပြုံးချိုချိုလေးဖြင့် သမီးကို ကြည့်လိုက်ပြီး
"သမီးလေးကို နယ်မှာ မြေးလေးမွေးတုန်းက ကူညီပေးခဲ့တဲ့ မောင်သုတနဲ့လေ "
"အင်း မဆိုးပါဘူး သမီးသဘောကရော"
ဦးထက်နောင်က ရိပ်ကိုကြည့်ပြီး မေးလိုက်တော့
"သမီးဘက်က ငြင်းစရာမရှိပါဘူး အန်ကယ်"
"တောက်!"
ရိပ်အဖြေစကားတစ်ခွန်းက နေထက် ရဲ့ နှလုံးသားကို အမြစ်ကနေ ဆွဲလှန်ထုတ်လိုက်သလို နာကျင်သွားရ၏။
ထိုနာကျင်မှုကြောင့် သူ့ ရင်ထဲ ပြင်းထန်သော လေပွေရိုင်းတို့ဝင်ရောက်လာကာ
ထမင်းဝိုင်းကနေ ဒေါသတကြီး ထထွက်သွားသွားသည့်က သူ့ရဲ့စိတ်အလိုမကျမှုတွေကို ဖော်ပြနေသယောင်။
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...