"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၂"
"သမီးလေး မေမေ ပြောစရာရှိတယ်"
"ပြောလေ မေမေ"
အမေ စျေးဆိုင်လေး ဝိုင်းသိမ်းနေရင်း အမေ စကားကြောင့် အမေကို လှည့်ပြီး ပြောလိုက်သူက ရိပ်ရယ်ပါ။
"မေမေ နောက်အိမ်ထောင် ပြုတော့မယ် သမီး"
"ရှင်"
ရိပ် မထင်မှတ်ထားသည့် စကားကို ကြားလိုက်ရသဖြင့် မိခင် ဖြစ်သူကို မယုံနိုင်သဖွယ် အံ့သြစွာ ကြည့်လိုက်မိလေသည်။
"မေမေ တောင်းပန်ပါတယ် သမီး ဒါပေမယ့် မေမေ ကိုထက်နောင် ကို လူကြီး စုံရာ နဲ့ လက်ထပ်ဖို့ ပြောပြီးပြီ သမီး"
"အမေရယ်"
အရိပ် မျက်မျက်နှာငယ်လေးဖြင့် တောင်းပန်သလို မျက်ဝန်းတွေနှင့် ကြည့်ရင်းပြောလာလေသော အမေ့ ကို သနားကာဖြင့် အမေ့ ခါးကို ဖက်လိုက်မိလေသည်။
"ရပါတယ် မေမေရယ် မေမေ ကောင်းတယ်ထင်လို့ စီစဥ်တဲ့ ကိစ္စ ကို သမီးမငြင်းပါဘူး မေမေ သဘောပါ ဒါပေမယ့် ဟို မေမေ လူကြီးက သမီးကို သမီးတစ်ယောက်လို သတ်မှတ်နိုင်ပါမလား မေမေ"
"အို ဒါကတော့ စိတ်မပူနဲ့ သမီး ကိုထက်နောင်မှာ သားတစ်ယောက်ရှိတယ် သမီး အရွယ်ပဲ အဲ့တော့မေမေ သမီးကို သူ့ သမီး အရင်းလို သဘောထားပါတယ်"
သမီး ဖြစ်သူ စကားကြောင့် ဝမ်းသာ အားရပြောမိသူက ဒေါ်မြတ်နွယ်ဖြစ်သည်။
ရိပ် မေမေ စကားကြောင့် မေမေ ကို အလှပဆုံး ပြုံးပြလိုက်ပြီး စိတ်ထဲမှာတော့
"မေမေ ပျော်ရင် ပြီးတာပါပဲ ရိပ်က ကန့်ကွက်စရာ မရှိပါဘူး ရိပ် မေမေ အနားမှာ ရှိခွင့်ရရင် ကျေနပ်ပါပြီ"
ရိပ် ဆိုသော ကောင်မလေးက စိတ်သဘောထား အလွန်ပြည့်ဝ သူလေးဖြစ်သလို မိခင်ဖြစ်သူ၏ စိတ်ချမ်းမြေ့မှုကိုသာ လိုလားတောင်းတသူလေး ဖြစ်သည်။
~~~~~~~~~~~~~~~~~ဦးထက်နောင် နှင့် ဒေါ်မြတ်နွယ် လက်ထပ်ဖြစ်ခဲ့ကြပြီ ဖြစ်သည်။
သူတို့နှစ်ဦး၏ မင်္ဂလာပွဲကိုတော့ မင်္ဂလာဆွမ်းကပ်၍သာ ပွဲကိုအကျဥ်းချုံးကာ တရားရုံးတွင် နှစ်ဦးသဘောတူ လက်ထပ်စာချုပ်တွင် အသိသတ်သေများဖြင့် လက်မှတ် ရေးထိုးလက်ထပ်ခဲ့ကြလေသည်။
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...