3 U/Z

3.6K 67 0
                                    

Uni

"အချစ်-အမုန်းလွန်ဆွဲပွဲ"

"အပိုင်း ၃"

"ဘယ်လိုကံကြမ္မာကြီးလဲ မောင့်မျက်ဝန်း အကြည့်တွေကို ရိပ်နားလည်တယ်  မောင်  ရိပ် မောင်ထင်သလို မဟုတ်ဘူးနော် မောင်"

ရိပ် ရင်ထဲမှာ မောင့်အကြည့်စူးစူးတွေကြောင့် နာကျင်မှုက တရိပ်ရိပ်တက်လာခဲ့ရလေသည်။

"မောင် ကို ရိပ်ချစ်ခဲ့တာ အဖြူသည် သက်သက်ပါ မောင်ရယ်"

မဖိတ်ခေါ် သော်လည်း မျက်ရည်စက်တို့က ရိပ်ရဲ့ ပါးပြင်ပေါ်သို့  အလိုက်မသိစွာ ကြွေကျလာရပြန်ပါသည်။
~~~~~~~~~~~~~~~~~

မနက်မိုးလင်းစဥ်ကပင် ဘုရားရှစ်ခိုး မနက်စာပြင် နှင့် တစ်ယောက်ထဲ အလုပ်ရှုပ်နေသူက ဒေါ်မြတ်နွယ်ဖြစ်သည်။

"မောနင်း မေမေ"

"ဟော အမေသမီးလေး နိုးပြီလား"

ရိပ် မေမေ အနားသို့ လျှောက်လာလေတော့ ကော်ဖီခွက်တွေထဲ ကော်ဖီတွေ ငှဲ့ထည့်ရင်း မေးလာသူက ရိပ် ချစ်ရပါသော မေမေဖြစ်သည်။

"ဟုတ်ကဲ့ မေမေ သမီး အိပ်ရာထနောက်ကျသွားတာ မေမေ "

မေမေ ခါးလေးကို ဖက်ကာ ကလေးတစ်ယောက်လို ချွဲလာသူ အရိပ်နွေ ဆိုသော မိန်းမချောလေးပါလေ။

"ရပါတယ် သမီးရယ် မေမေ သမီးလေး လုပ်ရမှာက စာကြိုးစားဖို့ပဲ "

"ဟုတ်ကဲ့ပါ မေမေ "

"ဒီသားမိ ဘာတွေ ချွဲပိုနေတာလဲ"

သူမ တို့ သားမိအနားကပ်လာသည့် ဦးထက်နောင်ကိုပင်  သားမိနှစ်ယောက် သတိမထားမိချေ။ ဟိုအရင်လို သားမိနှစ်ဦးတည်း အိမ်မှာ ရှိစဥ်ကလို ချွဲနွှဲ့နေကြဆဲဖြစ်သည်။

"ဟော အစ်ကိုတောင် အိပ်ရာနိုးပြီလား"

"မြတ်နွယ် ဘုရားရှစ်ခိုးနေကတည်းက အစ်ကို နိုးနေတာပါ  အော် သမီး သားကို သွားနိုးပေးပါလား သားက မနက်တိုင်း အန်ကယ်လ် အိပ်ရာနိုးမှ အိပ်ရာထတတ်တဲ့ အကျင့်ရှိလို့ သမီးရဲ့"

"ရှင်"

ရိပ် မောင်ကို မျက်နှာချင်းဆိုင်ရမည့်အရေး  မျက်နှာအတော်ပူမိပါသည်။ မောင် နှင့် သူမ ရဲ့ ပတ်သတ်မှုက မည်သို့သော အခြေအနေဆိုသည့်ကိုပင် ရိပ် မတွေးရဲအောင်ပင် ဖြစ်နေသည့် အခြေအနေဖြစ်သည်။

အချစ်အမုန်းလွန်ဆွဲပွဲWhere stories live. Discover now