11 U/Z

4.4K 72 2
                                    

Uni

"အချစ်-အမုန်းလွန်ဆွဲပွဲ"

"အပိုင်း ၁၁"

သုတတစ်ယောက် တက်ဆီ ငှါးကာ ရီမွန် နေထိုင်ရာ တိုက်ခန်းလေးဆီ ရောက်ခဲ့လေသည်။

"တင်းတောင် တင်းတောင်"

လူခေါ် ဘဲလ် သံကြောင့် ရီမွန် တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရသော လူကြောင့် အံ့အားသင့်သွားရလေသည်။

"ဟယ် ကိုသုတ"

လက်ထဲမှာ ငှက်ပျောသီး အတွဲလိုက်ဖြင့် တံခါးရှေ့ ရပ်နေသူက သုတဖြစ်သည်။

တောသားဖြစ်သည့် အလျှောက် မြို့သားတွေ လောက်တော့ ရုပ်ရည် ချောမောသည့် မဟုတ်ပေမယ့် သူပုံစံက ကြည့်ပျော်ရှုပျော်ရုပ်ရည်မျိုးဖြစ်သည်။

"ဘာကြည့်နေတာလဲ လက်ထဲက ငှက်ပျောသီးတွေ ယူဦးလေဟာ"

"အော် အင်း"

ငှက်ပျောသီး အတွဲတွေကို ရီမွန် ယူကာ အခန်းထဲ ဝင်ခဲ့လေရယ  သုတ လိုက်လာခဲ့၏။

"ကိုသုတ ရယ် ငှက်ပျောသီးတွေ အများကြီး ဘာလုပ်ဖို့လဲ ရီမွန် တစ်ယောက်ထဲ မကုန်ပါဘူး"

ရီမွန်စကားကြောင့် သုတ ရယ်လိုက်ပြီး

"ဘယ်သူက ညည်းကို ကျွေးမယ် ပြောနေလို့လဲ ဒါတွေက သားသားအတွက်"

"ဘုရားရေ"

သူ စကားကြောင့် ရီမွန် ဘုရားတမိလေသည်။

ယံလေး အတွက်တဲ့။ ငှက်ပျောသီးတွေ နည်းတာမဟုတ်။

"ငါ့ကိုလေ အရိပ်လိပ်စာ ပေးပါလား ငါ့ အရိပ်ကို တွေ့ချင်လှပြီဟ"

ရီမွန် သက်ပြင်းကို ရှိုက်လိုက်ပြီး

"ကိုသုတ အရိပ်ကို ချစ်နေတာတော့ မဟုတ်ပါဘူးနော်"

မျှော်လင့်တကြီး မေးလိုက်သူက ရီမွန်ဖြစ်သည်။

"အဲ့ဒါတော့ ငါအတိအကျ မပြောတတ်ဘူး ဒါပေမယ့် အရိပ် ကို ငါ တနေ့မှ မေ့မရလို့ အမေ ကိုခွင့်တောင်းပြီး လိုက်လာတာ"

အပြုံးမပျက်ပြောနေလေသော သုတကို ရီမွန်ခပ်ဆွေးဆွေးလေး ကြည့်လိုက်မိ၏။

အချစ်အမုန်းလွန်ဆွဲပွဲWhere stories live. Discover now