Part~15~

258 12 2
                                    

ညက လဲ့ကို ဆန်ပြုတ်ပြုတ်ပေးပြီး ဘေဘီ့ကို ဖုန်းဆက်ကာ အိပ်လိုက်တာမလို့ ဒီမနက်စောနိုးလာရတယ် အိပ်ရာကနိုးပြီးမကြာဘူး တံခါးခေါက်လို့ ဖွင့်ပေးတော့

မာန်-'တီချယ်'

ခေါ်ပြီးတယ်ဆို မေ့ကိုဖက်ပြီး

မာန်-'လွမ်းနေတာ'

မေ-'ဟုတ်ပါပြီ ဘေဘီရယ် ဘယ်တုန်းကရောက်နေတာလဲ'

မာန်-'မကြာသေးပါဘူး မမဆီကို လာနေပေးမယ်ဆိုပြီး လာတာ ကျောင်းဖွင့်ဖို့လည်း သိပ်မလိုတော့ဘူးလေ အဲ့တာကြောင့်ကြိုပြီး လာနေတာ'

မေ-'အော် ဒါဆိုလာလေ အထဲမှာတီချယ်နဲ့အတူ မနက်စာစားမယ်'

မာန်-'ဟုတ် ဒါနဲ့လေ တီချယ်ဒီနေ့ဘယ်သွားစရာရှိသေးလဲ'

မေ-'အဲ့လိုတော့ မရှိသေးပါဘူး ဘာလို့လဲဘေဘီ'

မာန်-'ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲ မေးကြည့်တာပါ'

မေ-'ခဏလေး တံခါးပိတ်ရဦးမယ်'

တီချယ်တံခါးပိတ်ဖို့အတွက် ဖက်ထားတာကို လွှတ်လိုက်တဲ့ အချိန်မှာပဲ

လဲ့-'မ'

မေ-'လဲ့ရည်....'

လဲ့-'အာ...လဲ့ညက နာရီကျန်ခဲ့လို့ လာယူတာ'

မေ-'အော် အင်း ဝင်ယူလိုက်လေ ခုတင်ဘေးက စားပွဲပေါ်မှာတင်ထားတယ်'

မေ-'သွားမယ်လေ လာ'

မာန့်ဘက်ကို ပြန်လှည့်လာပြီး စကားစလာတဲ့ တီချယ့်နောက်က လိုက်လာခဲ့တယ်

ခဏနေတော့ တီချယ့်အခန်းထဲက ဟိုတီချယ်က ထွက်လာပြီး

လဲ့-'မရေ လဲ့ပြန်တော့မယ်'

မေ-'အယ် ပြန်တော့မလို့လား တစ်ခါတည်း မနက်စာစားသွားလေ'

လဲ့-'ဟုတ် အဲ့လိုမေးလာမှာကိုစောင့်နေတာ'

မာန်-'သမီးပန်းကန်သွားယူပေးမယ်'

မေ-'အင်း'

မာန်-'ဒီမှာပါ တီချယ်'

လဲ့-'အွန်း ကျေးဇူးပါ ဒါနဲ့သူက'

မေ-'သူက တို့ရဲ့တပည့်လေ ခုကအဆောင်မှူးဆိုတော့သမီးတွေပေါတယ်လေ'

🤍MAY🤍Where stories live. Discover now