[ 60 ]

3.5K 452 15
                                    

Unicode

အပိုင်း - ၆၀

နောက်တစ်နေ့မနက်ကျတော့ ဝမ်ကျားနင်ကို ရိုက်ကွင်းမီအောင် ခေါ့ရှင်းဖန်က လာခေါ်သည်။

ဝမ်ကျားနင် ကားထဲ ဝင်ထိုင်လိုက်သည့်အခါ ခေါ့ရှင်းဖန်က မေးလာ၏။

“ မင်း မနက်စာစားပြီးပြီလား ”

သူ ခေါင်းခါလိုက်သည်။

ခေါ့ရှင်းဖန် : “အာ...ငါလည်း မစားရသေးဘူး”

အသွားမှာ ခေါ့ရှင်းဖန်က ကားရပ်လိုက်ပြီး ‌ပေါက်စီနှစ်လုံးဆင်းဝယ်သည်။ ကားထဲ ပြန်ဝင်အလာ ဝမ်ကျားနင်ကို တစ်လုံး လှမ်းပစ်ပေး၏။

ဝမ်ကျားနင် ကျေးဇူးတင်မလို့ရှိသေး၊ ခေါ့ရှင်းဖန် ပြောလိုက်တာက

“ ပြန်ပေးဖို့ မမေ့နဲ့” တဲ့။

ကျေးဇူးပဲဟု ပြောမလို့ပြင်နေတာတောင် နင်သွားရသည်။

ရိုက်ကွင်းကို ရောက်ချိန်မှာ ခါတိုင်းလိုပဲ လုကျင်းလန် အစောဆုံးရောက်နေတာ တွေ့ရ၏။ မနေ့ညက နောက်ကျမှ ရိုက်ကွင်းပြီးတာမို့ ထိုသူ ကောင်းကောင်းတောင် မအိပ်ရလောက်သေးပေမယ့် အခုကျတော့လည်း cameraman နှင့်အတူ ရှုထောင့်အနေအထားကို ဆွေးနွေးနေပြန်ပြီ။

ဝမ်ကျားနင် လာတာကို မြင်တော့၊ လုကျင်းလန်က တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှမပြောဘဲ  ခေါင်းပြန်လှည့်သွားကာ cameraman နှင့် စကားဆက်ပြောနေသည်။

မနေ့ညတုန်းက ဝမ်ကျားနင် အိပ်မက်တစ်ခုမက်ခဲ့သလိုပင်။ အိပ်မက်ထဲမှာ လုကျင်းလန် ပါနေခဲ့ပြီး သူ့တစ်ကိုယ်လုံးဟာ နည်းနည်းမှ ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေခဲ့သည်။ ကြည့်ရတာ သူ ကိုယ့်ဘာသာ မဖြေလျှော့တာ ကြာပြီမို့ ထင်သည်။ အိပ်မက်ထဲမှ လုကျင်းလန်၏ အထိအတွေ့တစ်ခုစီတိုင်းကို သူ ပြတ်ပြတ်သားသား ခံစားမိနေသယောင်။

အဝတ်လဲခန်းထဲ ထိုင်နေစဉ်တွင် ဝမ်ကျားနင် မှန်ကို တွေတွေငေးငေး ကြည့်နေမိရင်း။

သူ အတိတ်တုန်းက အမျိုးသမီးများနှင့် ကုန်ဆုံးခဲ့သမျှအားလုံး အခု ဘာတစ်ခုမှ အမှတ်မရနိုင်တော့ပြီ။ သူ့ဘဝတစ်လျှောက်လုံး လုကျင်းလန်နှင့်ပဲ အတူရှိခဲ့သလိုမျိုး လုကျင်းလန်ကိုသာ သတိရနေမိသည်။ နောက်ပြီး အနာဂတ်မှာလည်း သူ လုကျင်းလန်အပြင် တခြားတစ်ယောက်နှင့် အတူရှိသွားမှာ မဟုတ်လောက်။

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now