(ဤficထဲမှာပါသည့် နေရာဒေသ၊ဇာတ်ကောင်၊ဇာတ်ဝင်ခန်း၊အတွေးအခေါ်များတို့သည့် စာရေးသူ၏စိတ်ကူးယဉ်သက်သက်ဖြင့်သာ ဖန်တီးထားပါသည်။လိုအပ်ချက်တစ်စုံတစ်ရာရှိပါက စာရေးသူ၏အားနက်ချက်ကြောင့်ဖြစ်သည်။ဇာတ်ကောင်တို့၏အမှားလုံးဝမပါပါ။)
........................................................................
မနေ့ညကမိုးရွာထားသည်မို့ သစ်ပင်ပန်းမာန်များကစိမ်းလန်းစိုပြေနေသည်။မြက်ပင်လေးများလည်း စိမ်းလန်းစိုပြေထိုးထွက်လို့ရယ်။လေတစ်ချက်အဝှေ့ မှာ ဝဲပါသွားတဲ့မိုးစက်ဖွဲဖွဲလေးတွေက သည်နေ့မနက်ရဲ့နံနက်ခင်းအခြေအနေပင်။
မနေ့ညကမိုးရွာထားသည့်အရှိန်ကြောင့်ရော၊ယနေ့ မိုးစက်ဖွဲဖွဲလေးတွေကြောင့်ရော လမ်းခုလတ်ရဲ့တစ်ချို့တစ်နေရာမှာ ဗွက်အိုင်တွေထနေသလို ရေတွေဝပ်နေသေးသည်။"ဒီနှစ်မိုးကောင်းတယ်နော် ငရွှေ"
"ဟုတ်ပါ့ဗျာ မိုးကောင်းလို့လည်း ကျုပ်တို့တောင်သူလယ်သမားတွေအဆေပြေတာပေါ့ မဟုတ်ရင် ထမင်းငတ်ရချည်ရဲ့"
"ဟုတ်ပါ့...ဟုတ်ပါ့"
လယ်ထဲသွားဖို့ပြင်နေသည့် ဒေါ်စိန်မှာ အိမ်ရှေ့မှကြားရသည့်စကားသံအချို့ကြောင့် ထောက်ခံသလိုခေါင်းညိတ်လိုက်သည်။
ထမင်းထုပ် ထုပ်ပြီးသည်နှင့်ဝါးခမောက်ယူဆောင်းလိုက်သည်။ပြီးသည်နှင့်ဘေးမှာချထားသည့် ပုလိုင်းကိုယူလွယ်လိုက်သည်။"သားရေ...အမေ လယ်ထဲသွားတော့မယ်"
"ဟုတ်...မေမေ"
သနပ်ခါးလိမ်းရင်း အသံပြန်ပေးလာသည့် သားငယ် ဘက်လှည့်ကြိုက်လိုက်တော့ ထုံးစံအတိုင်း ဒေါ်စိန် တစ်ယောက်ခေါင်းခါရင်း ပြုံးရပြန်သည်။
သူမသားငယ်သည် ဝလုံးလေးလိမ်းရမည့်အစား ပါးကွက်ကြားလိမ်းထားသည်။ပြီးသည်နှင့် ဟိုဘက်သည်ဘက်လှည့်ကာ ပါးကွက်ကြားလေးညီမညီကြည့်ရပြန်သေးသည်။
မိမိမွေးထားသည်က ယောက်ကျားလေးဆိုပေမဲ့ မိမိရလိုက်သည်က သမီးလေးတစ်ယောက်နှယ်။
တစ်ခြားကလေးတွေ လေးခွကိုင်၊ဌက်ပစ်ထွက်ကစားချိန်မှာ မိမိကလေးက ပန်းကိုပန်၊သနပ်ခါးလေးလိမ်း၊ချက်ပြုတ်ရတာကို ဝါသနာပါသည့်ကလေးဖြစ်နေသည်။
မည်သို့ပင်ဖြစ်လင့်ကစား မိဘဆိုတာမျိုးက သားသမီးအပေါ်အချစ်ပျက်ရိုးထုံးစံမရှိ။ချစ်မြဲချစ်ဆဲ။
YOU ARE READING
မောင့် စိန်လှိုင်းသွင်
Romanceစိန်ပွင့်ကို ရောင်စုံခြယ် နှလုံးသားရဲ့တေးသွားကိုသီကြူးလို့ ချစ်ခြင်းရဲ့သဘောတစ်ရားက လှပကြောင်း လူတွေလက်ခံလာအောင် မောင် တို့အချစ်တွေနဲ့အတူ သက်သေထူရအောင်....