Part-16

5 1 0
                                    

ချစ်တယ်တဲ့...
ထိုစကားကိုပြောဖို့လွယ်တယ်ဆိုပေမဲ့ တာဝန်ယူတတ်ဖို့လည်းလိုပါသေးတယ်မဟုတ်လား...

တစ်ဘဝမှာတစ်ယောက်ဘဲ ချစ်ရတဲ့ချစ်ဦးသူမို့ ကိုယ့်ရဲ့ချစ်ခြင်းတစ်ရားတွေကို ထိုလူသားအပေါ် လုံးဝလစ်ဟာမနေစေချင်ဘူး...

ချစ်တယ်..ချစ်တယ်လို့ပြောရုံနဲ့လည်း အားမရသလို..ထိုလူသားလေးမျက်နှာတစ်ချက်ညိုးရင်တောင် ဒီလူသားကတော့ ဒီလိုဖြစ်နေလို့ဆိုတဲ့ အတွေးလေးချက်ချင်းတွေးမိစေချင်တယ်...

ထိုလူသားအပေါ် ချစ်ခြင်းတရားနဲ့ပတ်သက်ရင် တာဝန်မကျေတဲ့လူမဖြစ်ချင်ဘူး...ချစ်တယ်လို့ဖွင့်ဟဝန်ခံထားပါရက်နဲ့ ထိုလူသားအပေါ် သူ့ရဲ့ချစ်ခြင်းတွေ ပျက်ကွက်ခဲ့တာ များပြီမလား...

ဆယ့်တစ်နှစ်ကြီးများတောင်လေ...ထိုလူသားကို သူပစ်ပယ်သလိုဖြစ်နေခဲ့တာ...
အဲ့ဒီလောက်ဆို သူတို့ဝေးကွာခဲ့ရတဲ့အချိန်တွေလုံလောက်ပြီထင်ပါတယ်...ထိုလူသားအပေါ်ထားတဲ့ သူရဲ့ခံစားချက်အပေါ်ကိုလည်း သူကိုယ်တိုင်သေချာတာထက်ပိုနေပြီဖြစ်သလို သူ့ရဲ့သေချာမှုကိုလည်း အဖေကနားလည်ပေးဖို့မျှော်လင့်မိပါရဲ့...

လွယ်လွယ်နဲ့ဖြစ်တည်ခဲ့တဲ့အချစ်မဟုတ်တာမို့  ဆုံးဖြတ်ချက်တွေလည်းကျောင်တိုင်သဖွယ်ခိုင်မာနေခဲ့သည်။

ဟုတ်သည်...ထင်ရှားမောင်ဆိုတဲ့သူသည် စိန်လှိုင်းသွင်ဆိုတဲ့ ထိုလူသားလေးနဲ့ ဒီထက်ပိုပြီးမဝေးလိုတော့ပြီ။
လှိုင်းရဲ့ဖြစ်တည်မှုအလုံးစုံကို နားလည်လက်ခံပေးရင်း ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျှောက်လုံး ချစ်ရသူအနားမှာဘဲ ကုန်ဆုံးရင်း ရှား အေးအေးချမ်းချမ်းနေချင်မိတော့သည်။

"ရှား"

အိမ်ရှေ့ပိတောက်ပင်ကြီးအောက် မုန့်ဟင်းခါးရောင်းသည့်နေရာတွင် ကိုယ့်အတွေးနဲ့ကိုယ်မျောနေသည့် ရှားက လှိုင်းခေါ်မှ သတိဝင်လာသည်။

"လှိုင်း"

လှိုင်းက သူ့ဘေးနားဝင်ထိုင်လာသည်မို့ ရှား လှိုင်းကိုစောင်းငဲ့ကြည့်လိုက်သည်။
မြင်နေရသည့် မျက်တောင်စိပ်စိပ်လေးတွေက အသည်းယားရလောက်အောင်ထိ တို့ထိချင်စဖွယ်ကောင်းလွန်းနေပြန်သည်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now