Part-13

10 1 0
                                    

"ခွမ်း...!"

ပြတ်သားသောခုတ်ချက်နဲ့အတူ ကွဲထွက်သွားသည့် ထင်းအပိုင်းအစများ။

"သား...ပြည့်စုံ"

ပြည့်စုံ တစ်ယောက်ထင်းခွဲနေရင်းမှ မေမေခေါ်သံကြောင့် လက်ထဲမှ ပုဆိန်ကိုချလိုက်သည်။

"ဘာလဲ..မေမေ"

"သားပြောတော့ မနေ့က လှိုင်းလေးဖျားနေတယ်ဆို ဒီနေ့သားသူ့ဆီထပ်မသွားဘူးလား"

မေမေစကားကြောင့် ပြည့်စုံ တစ်ချက်ငြိမ်သွားရင်မှ ခေါင်းခါလိုက်သည်။

"ညနေပိုင်းလောက်မှ တစ်ချက်သွားကြည့်လိုက်မယ်"

"သြော်...သားရယ် လှိုင်းလေးကတစ်ယောက်တည်းနေနေတာလေ နေမကောင်းတဲ့အချိန်စိတ်အားငယ်နေရှာမှာ သွား...သွား ထင်းတွေ နောက်မှခွဲ...လှိုင်းဆီအရင်သွား"

မိခင်ဖြစ်သူပြောလာသည့်စကားတွေကြောင့် ပြည့်စုံတစ်ချက်တွေဝေနေရင်းမှ ပြုံးကာ ခေါင်းခါလိုက်ပြန်သည်။

"လှိုင်းအတွက်စိတ်ပူစရာမလိုတော့ဘူး မေမေရဲ့ ရှား ပြန်ရောက်လာပြီ"

"ဟဲ့...ဟိုကအခုမှပြန်ရောက်ကာစလေ နားရအုံးမယ် လုပ်စရာတွေလည်းရှိအုံးမယ်ပေါ့ ပြီးတော့ နောက်အပတ်ကျရင် ရှားနဲ့သင်းလဲ့တို့စေ့စပ်ကြောင်းလမ်းကြမယ်လို့ မေမေသတင်းသဲ့သဲ့ကြားထားသေးတယ်"

နားထဲဝင်လာသည့် စေ့စပ်ကြောင်းလမ်းဆိုသည့် စကားကြောင့် ပြည့်စုံရဲ့ ထင်းတုံးကြီးကိုလှမ်းယူတော့မည့်လက်အစုံသည် လမ်းတစ်ဝက်မှာတင်ရပ်တန့်သွားသည်။

"မေမေခုနက ဘာပြောလိုက်တယ်...ရှားနဲ့သင်းလဲ့တို့ စေ့စပ်တော့မယ် ဟုတ်လား"

"အသေအချာတော့မဟုတ်ဘူးရယ်...ရွာထဲသွားရင်း၊လာရင်းနဲ့ကြားမိတာပါ...မေမေတောင်အံ့သြမိတယ်...ဒေါ်ညိုမြတို့များ    သူ့သားမနေ့ကမှပြန်ရောက်တာကို အိမ်ထောင်ဖက်ရှာပေးဖို့ကြံနေပြီ ရှေ့ရေးများကြိုမြင်တတ်ပါ့အေ"

ပွစိပွစိရေရွတ်နေသည့် မေမေ့စကားသံတို့သည် ပြည့်စုံနားထဲဝင်တစ်ချက်မဝင်တစ်ချက်။
အမှန်တိုင်းပြောရရင် ရှားနဲ့သင်းလဲ့တို့စေ့စပ်မှာကို ပြည့်စုံအဲ့လောက်ထိစိတ်မဝင်စား။ဒါပေမဲ့ ထိုသတင်းကိုမေမေ့ဆီကနေကြားကြားချင်း ပြည့်စုံတစ်စုံတစ်ယောက်ကိုပြေးမြင်မိသွားသည်။ ထိုသူက...စိန်လှိုင်းသွင်...ပင်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now