Part-10

7 1 0
                                    


"မေမေ"

မြင်နေရသည့် မေမေ၏ပုံစံကို လှိုင်း အံ့သြထိတ်လန့်စွာမော့ကြည့်နေမိသည်။ပြီးသည်နှင့် သွေးအလိမ်းလိမ်းဖြင့်လဲကျနေသူအား တစ်ချက်စောင်းငဲ့ကြည့်၍ ကုန်းရုန်းထလိုက်မိသည်။

"လူယုတ်မာတွေ ရာရာစစ ငါ့သားလေးကိုများလာထိရဲလို့"

အံကြိတ်ကာကြိမ်းဝါးလာသည့် မေမေ့အသံမှာခက်ထန်မာကျောလှသဖြင့် လှိုင်းပင်ကျောချမ်းမိသည်။

ဓားဖြင့်အကြိမ်ကြိမ်ထိုးခံရ၍ သွေးအိုင်ထဲလဲနေသည့်သူကိုတစ်လှည့်၊မေမေ့ကိုတစ်လှည့် ကြောင်ငေးကြည့်မိသည်။

"မေမေ"

တိုးညှင်းစွာခေါ်လိုက်တော့ လှည့်ကြည့်လာသည့်မေမေ့ရဲ့မျက်ဝန်းတွေက နီရဲလွန်းစွာ။
လှိုင်း ခြေလှမ်းတစ်လှမ်းပင်နောက်ဆုတ်သွားရသည်။

ဒီလိုပုံစံနှင့်မေမေ့ကို လှိုင်း တစ်ခါမှမမြင်ဖူးပါ။လှိုင်းကိုဆို ဆူဖို့မပြောနဲ့၊အသံမာမာနဲ့တောင်တစ်ခါမှမပြောဖူး။  
သေလောက်အောင်ပင်ပန်းနေရင်တောင် ‌လှိုင်း အပေါ်အမြဲအပြုံးတွေဘဲဖောဖောသီသီပေးတတ်သူ။ယောက်ကျားဖြစ်သူနဲ့ရန်ဖြစ်စကားများနေရင်တောင် လှိုင်းကိုမြင်ရင် ချက်ချင်းပြုံးပြတတ်သူ။စိတ်ဆင်းရဲမှုတစ်စိုးတစ်စိကိုမျှ လှိုင်းအပေါ်မကူးစက်စေချင်သလို လှိုင်းကိုအချစ်ဆုံးသူလို့ဆိုရင်လည်း လုံးဝမလွဲမှားတဲ့အမှန်တစ်ရား။

လှိုင်းအမြင်မှာတော့ မေမေဟာအကြင်နာတတ်ဆုံးလူသား။အသည်းခံတတ်ဆုံးလူသား။အေးချမ်းတဲ့အပြုံးနဲ့အလှဆုံးလူသား။

အခု မေမေက လူတစ်ယောက်ကိုမျက်တောင်တစ်ချက်တောင်မခတ်ဘဲသတ်လိုက်တာလား။

လှိုင်း ကြောင်ငေးနေရင်းမှ အံစေးနေမိသည်။မေမေလို့ခေါ်ရုံမှလွဲ ဘာစကားမှပြောထွက်မလာ။

"မေမေ"

နောက်တစ်ခါခေါ်လိုက်တော့ မေမေကပြုံးပြလာသည်။မေမေ့ရဲ့မျက်နှာပေါ်မှာလဲ သေသူရဲ့သွေးစက်တွေနဲ့။

မကြာလိုက်...မေမေ့မျက်နှာပြန်တည်သွားပြီး  လဲနေသည့်အလောင်းကောင််ရဲ့ဂုတ်ပိုးနားကအင်္ကျီစကိုဆွဲ၍ အိမ်ပေါ်မှဆင်းသွားသည်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now