part-2

31 2 0
                                    

"တင်း...တောင်....
တင်း...တောင်"

"...မင်္ဂလာပါဆရာမ၊နှုတ်ဆက်ပါသည် ဆရာမ"

ကျောင်းခေါင်းလောင်းတီးပြီးသည်နှင့် ကျောင်းသူကျောင်းသားတို့ အတန်းရှိဆရာ၊ဆရာမများကိုနှုတ်ဆက်သည့်အသံကဆူညံထွက်လို့လာနေသည်။

"အိမ်ကို သေသေချာချာတန်းပြန်ကြနော် ကလေးတို့၊ကြားထဲလျှောက်သွားမနေကြနဲ့ဦး မိဘတွေစိတ်ပူနေလိမ့်မယ်"

"ဟုတ်ကဲ့ပါ ဆရာမ"

အတန်းငယ်များကို စိတ်ပူစွာမှာနေသည့်ဆရာမအသံကအထင်းသား။

အတန်းထဲမှထွက်လာသည့် ကျောင်းသူကျောင်းသားအသီးသီး၌လည်း ရှားနဲ့ လှိုင်းက ထုံးစံအတိုင်းတစ်ပူးတွဲတွဲ။

"လှိုင်း လွယ်အိတ်ပေး"

ဒါ ကျောင်းဆင်းချိန်တိုင်း ရှား လှိုင်းကိုပထမဆုံးပြောတတ်သည့်စကားတစ်ခွန်းပင်။

"ဟင့်အင်း တစ်ခြားသူတွေကြည့်နေတယ်"

လှိုင်း စကားကို ရှား ဂရုမစိုက်။လှိုင်း ပုခုံးပေါ်မှလွယ်အိတ်ကိုဆွဲယူလိုက်ကာ သူ့ကိုယ်ပေါ်လွှဲပြောင်းလွယ်လိုက်သည်။

"ရှား တစ်ခြားသူတွေငါမင်းကိုအနိုင်ကျင့်နေတယ်လို့ထင်ကြပါဦးမယ်"

"ထင်ပါစေ ငါ့စိတ်ဆန္ဒနဲ့ငါ"

"ရှား"

"တော်ပါ လှိုင်းရာ၊အိမ်ပြန်ရအောင်"

"ရှား...မင်း..."

"ပြောမနေနဲ့ လှိုင်း ရမှာမဟုတ်ဘူး၊ဒီကောင်ငထင်က မင်းကလွဲရင်ဘယ်သူ့ကိုမှဂရုစိုက်တာမဟုတ်ဘူး"

ဒီစကားက ရှားနဲ့လှိုင်းဆီမှထွက်လာသည့်စကားမဟုတ်။သူတို့နှစ်ယောက်ဘေး ရောက်လာသည့် အောင်ပြည့်စုံက ကြားဝင်ပြောလိုက်ခြင်းသာ။

အောင်ပြည့်စုံကလည်း သူတို့နဲ့တစ်တန်းတည်းရယ်။တစ်ကယ်ဆို ရှား တို့ရွာမှာ မူလတန်းကျောင်းဖြစ်သည်မို့ လေးတန်းအထိသာရှိသည်။ငါးတန်းနဲ့ခြောက်တန်းကို သူများရွာကကျောင်းနဲ့တွဲထားသည်။ ဒီလိုဖြစ်ရတာလည်း ရွာကလူတွေက ပညာရေးကို ဦးစားမပေးတာကြောင့်လည်းပါသည်။သူတို့ရွာအနီးအနားက ရွာတွေမှာ ပညာရေးပိုင်းနဲ့ပတ်သက်၍ အတန်သင့်တိုးတက်နေတာတောင် သူတို့ရွာကတော့ နောက်ကောက်ကျန်ခဲ့တုန်းပင်။တစ်ခြားရွာကကျောင်းတွေဆို အထက်တန်းကျောင်းတောင်ရနေပြီဖြစ်သည်။သူတို့ရွာကတော့ ငါးတန်း၊ခြောက်တန်းကိုတောင် သူများကျောင်းနဲ့တွဲထားရသည်။ကျောင်းသားအရေအတွက်ကလည်း လက်ချိုးရေလို့ရသည်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now