Part-4

15 2 0
                                    


ဒီနေ့ရာသီဥတုကလည်း ညို့မှိုင်းမှိုင်းဆိုသလို ရှား စိတ်ထဲလည်းမကြည်။ ပြတင်းပေါက်နားတွင်ထိုင်ရင်း မိုးဖွဲဖွဲလေးကျနေသည်ကိုငေးနေမိသည်။
ရွေ့လျားသွားတဲ့ တိမ်ညိုရောင်အစိုင်အခိုင်လေးတွေ...
လေအဝှေ့ မှာ ယိမ်းနွဲ့သွားတဲ့သစ်ကိုင်းအဖျားခတ်လေးတွေ...
ရွှံ့ တွေဗွက်တွေထနေတဲ့ လမ်းအသွယ်သွယ်၊ပြီးတော့ ထိပ်ဖျားခပ်လေးတွေငုပ်လျှိုးနေတဲ့ မြက်ပင်စိမ်းစိမ်းလေးတွေကနေ ဖူးငုံသေးသေးလေးကနေပွင့်အန်ဖို့ကြိုးစားနေသည့် ပန်းပွင့်သေးသေးလေးတွေအထိ....။

မျက်စိရှေ့ကမြင်နေရသည့် မြင်ကွင်းမှန်သမျှကို မဟူရာမျက်ဝန်းနက်အစုံက တစ်ခုမကျန်အလွတ်မပေးတမ်းငေးစိုက်ကြည့်နေပေမဲ့ ရှား ရဲ့အတွေးအာရုံကတော့ ထိုမြင်ကွင်းထဲရောက်မနေ။

လှန်ထားသည့်စာရွက်ဖြူလေးကြား ဘောပင်ကိုညှပ်ထည့်လိုက်ပြီး ထိုစာအုပ်လေးအား တင်ပလ္လင်ခွေထိုင်နေသည့်ပေါင်ထက်ချထားလိုက်သည်။

ဒီနေ့ ထိုစာရွက်ဖြူဖြူလေးပေါ်မည်သည့်စကားလုံးကိုမည်သည့်အဓိပ္ပါယ်နှင့်ဖွဲ့၍ ချရေးရမှန်း ရှား သိမနေဘူး။
ဒါက စိတ်ကိုရှုပ်ထွေးစေတဲ့ ရှား ရဲ့အတွေးအာရုံကြောင့်ဘဲဖစ်လိမ့်မည်။

ရင်ဘတ်ထဲမှာတင်းကြပ်နေသည့်ခံစားချက်ကို ရှား အဖြေရှာနေမိသည်။
အဖြေမယ်မယ်ရရထွက်မလာ...
သူဘာဖြစ်နေတာလဲ..
ဘာလို့ ဒီလိုခံစားချက်မျိုး သူ့ဆီမှာရှိနေရတာလဲ...

"..ဟူး.."

နောက်ဆုံးမှာတော့ လေပူမှုတ်ထုတ်ရုံသာ ရှားတတ်နိုင်သည်။

တစ်ကယ်ပါဘဲ...သူဘာဖြစ်ချင်နေတာလဲ...

တူညီသည့်မေးခွန်းတစ်ခုကို ထပ်ခါတစ်လဲလဲကိုယ့်ကိုယ်ကိုယ်ပြန်မေးမိသည်။လှိုင်းကိုရိုက်ရုန် လက်ရွယ်ထားသည့်ဦးဘမောင်ရဲ့ပုံရိပ်က မြင်ကွင်းထဲမထင်မှတ်ဘဲရောက်လာသည်။

ရှား လက်သီးတွေကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။မျက်နှာလည်း သုန်မှုန်နေသည်။အညိုဘက်သန်းချင်နေသည့်နှုတ်ခမ်းပါးပါးလေးကိုတင်းတင်းစေ့ထားရင်း အလိုမကျသည့်အရိပ်အယောင်က မဟူရာမျက်ဝန်းနက်ဆီမှာ ထင်းကနဲ။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now