"ထင်ရှားမောင်...!"
အိမ်ထဲခြေချရုံရှိသေး။ဖခင်ရဲ့ဟိန်းထွက်လာသည့် ဒေါသသံကြောင်း ရှား မျက်ဝန်းအိမ်ကျယ်သွားရသည်။
အဖေ့ကိုကြည့်ရတာ ဒေါသတော်တော်ထွက်နေပုံပေါ်သည်။အဖေကအသားဖြူသူမို့ ဒေါသထွက်လာပြီဆိုရင် တစ်ကိုယ်လုံးနီရဲလာသည်။အခုလည်း မျက်နှာတစ်ခုလုံးခရမ်းချဉ်သီးလိုနီရဲနေလို့ရယ်။အံတစ်ကြိတ်ကြိတ်နဲ့ ရှားကိုဝါးစားတော့မတတ်ကြည့်နေသည်။အဖေ့ဘေးရပ်နေသည့်အမေ့ကိုကြည့်တော့လည်း မျက်နှာငယ်လေးနဲ့။နှာခေါင်းထိပ်ကလေးနီရဲနေသည်မို့ ငိုထားဟန်တူသည်။
"ဘာကြောင်ကြည့်နေတာလဲ မင်းမြန်မြန်လာစမ်း!"
အခုမှအိမ်ပြန်ရောက်တာကို အော်ငေါက်ခံရသည်မို့ ရှား နည်းနည်းကြောင်သွားရသည်။သူဘာအပြစ်မှလည်းမလုပ်ထားပါဘဲနဲ့။
"တယ် ငါစိတ်မရှည်တော့ဘူး လာခဲ့...ဒီကို"
နောက်ဆုံးတော့ ဖခင်ရဲ့အကြမ်းပတမ်းဆွဲခေါ်ရာနောက် သူပါသွားရသည်။
"ကိုဦး ဖြည်းဖြည်းလုပ်ပါ ကလေးကို"
သူ့အတွက်စိုးရိမ်စွာတားမြစ်လာသည့် အမေ့အသံကတုန်ယင်စွာ။
"မင်းသားဘက်ကကာမနေနဲ့ ညိုမြ"
"ကလေးက ဘာသိမှာမို့လို့လဲ နားလည်အောင်ဖြည်းဖြည်းပြောလည်းရပါတယ်"
"အဟက် ကလေးကဘာသိမှာမို့လဲ ဟုတ်လား တယ်...ငါပြောလိုက်ရင်မကောင်းဘဲရှိတော့မယ် လာခဲ့...ထင်ရှားမောင်"
ဘာတွေဖြစ်ပျက်နေသလဲ ရှား ခုထိမသိသေးသည်မို့ဖခင်ဆွဲခေါ်ရာနောက် တစ်ရွဲ့တိုက်ပါသွားရသည်။အင်္ကျင်္ီကော်လံကနေဆွဲညှစ်ခံရသည်မို့ လည်ပင်းအစ်ချင်ရသည်။
နောက်ဆုံးတော့ အဖေ့ရဲ့ဦးတည်ရာက ရှားရဲ့အခန်းငယ်လေးဆီပင်။အခန်းထဲရောက်တော့ ပြန့်ကျဲနေတဲ့စာရွက်ဖြူအပြဲလေးတွေ။အပြာရောင်မျက်နှာဖုံးစာအုပ်လေးလည်း ဆွဲဖြဲထားခြင်းခံရသည်ထင်။စာရွက်ဖြူညှပ်လေးတွေနဲ့တောင် မကပ်တော့ပေ။
"မင်းကြည့် ဒါဘာစာတွေလဲ"
အဖေက သူ့ကိုတွန်းထုတ်ကာအော်ဟစ်မေးတော့ ရှား နောက်သို့ယိုင်သွားရသည်။
ရှား နှုတ်ခမ်းပါးလေးကိုတင်းတင်းစေ့ကာ ပြန့်ကျဲနေသည့်စာရွက်ဖြူလေးတွေကိုသာ ငေးစိုက်ကြည့်နေမိသည်။
YOU ARE READING
မောင့် စိန်လှိုင်းသွင်
Romanceစိန်ပွင့်ကို ရောင်စုံခြယ် နှလုံးသားရဲ့တေးသွားကိုသီကြူးလို့ ချစ်ခြင်းရဲ့သဘောတစ်ရားက လှပကြောင်း လူတွေလက်ခံလာအောင် မောင် တို့အချစ်တွေနဲ့အတူ သက်သေထူရအောင်....