Part-17

6 1 0
                                    

မနက်ပိုင်း လှိုင်း မုန့်ဟင်းခါးရောင်းဖို့ အကုန်လုံးကူညီပြီးသည်နှင့် ရှား ပိတောက်ပင်ကြီးအောက်ငူငူငိုင်ငိုင်ထိုင်နေမိသည်။

အကြောင်းအရင်းမှာ စိန်လှိုင်းသွင် ဆိုသည့်လူသားလေးကြောင့်သာဖြစ်သည်။
မနေ့ညက လှိုင်းကို စိတ်မချလို့  အဖော်လာအိပ်ပေးဖြစ်သည်။အိပ်နေရင်းမှ "ကိုကြီး...မလုပ်နဲ့"၊"ကိုကြီး...ကျွန်တော်ကြောက်တယ်" ဆိုပြီး ငိုမဲ့မဲ့အသံနဲ့ အိမ်မက်ယောင်သည့်သူကြောင့် ရှား နိုးလာရသလို အိမ်မက်ဆိုးမက်သလို မျက်မှောက်တွေကျုံ့ ၊တစ်ကိုယ်လုံးတုန်ယင်နေကာချွေးစေးတွေထွက်နေသော လူသားလေးကြောင့်လည်း ရှား ပျာယီးပျာယာဖြစ်ရသေးသည်။
အနှီလူသားလေး အသက်ရှုသံပုံမှန်ပြန်ဖြစ်ပြီး ငြိမ်ကျသွားတဲ့အချိန်ကျမှ ရှား အသက်ဖြောင့်ဖြောင့်ရှုနိုင်သလို ရင်ထဲအပူလုံးကြီးကျသွားရသည်။သို့ပေမဲ့လည်း ထိုလူသားအိမ်မက်ဆိုးထပ်မက်ပြီး ထပ်ယောင်မှာစိုးတာကြောင့် ရှား တစ်ညလုံးမအိပ်ဘဲ ထိုင်စောင့်နေပေးခဲ့သည်။မနက်လေးနာရီအထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်သူကြောင့်လည်း ရှား စိတ်တို့ အေးရပြန်သည်။

မနက်လေးနာရီဒေါင်ခနဲထိုးတာနဲ့ ထပြီး လုပ်စရာရှိတာခပ်သွက်သွက်လုပ်နေသောသူကို တစ်ခုခုခိုက်မိမှာစိုးလို့ ဘေးကနေတစ်ကောက်ကောက်လိုက်ကူပေးမိသေးသည်။လုပ်စရာရှိတာအားလုံးလုပ်ပြီးသည့်အချိန် ထိုကောင်ငယ်လေးရေမိုးချိုးတော့မှ ရှားလည်း အခုလိုပိတောက်ပင်ကြီးအောက် ငူငူငိုင်ငိုင်ထိုင်ရခြင်းဖြစ်သည်။

"ကိုကြီး"

ထိုနာမ်စားကိုသံယောင်လိုက်ဆိုရင်း ရှား နှုတ်ခမ်းပါးတို့သိသိသာသာတင်းတင်းစေ့သွားရသည်။

ဘယ်သူများပါလိမ့်...
လှိုင်းရဲ့အိမ်မက်ထဲထိကို ဝင်မွှေနှောက်သွားတဲ့ ထိုကိုကြီးဆိုတဲ့နာမ်စားနဲ့လူက ဘယ်သူများလဲ...
သူ့ရဲ့ လှိုင်းငယ်ကိုမှ မျက်မှောက်ကျုံ့ ပြီးချွေးစေးတွေထွက်တဲ့အထိ အိမ်မက်ဆိုးမက်စေတဲ့ ထိုကိုကြီးက ဘယ်သူများလဲ...

ခေါင်းထဲပေါ်လာသည့် မေးခွန်းတစ်ချို့နဲ့အတူ စိတ်တို့ရှုပ်ထွေးသွားရသည်။
လှိုင်း မှာ သူမသိသေးသည့်အကြောင်းအရာများရှိနေသေးတာလား။ဒါတော့ မဖြစ်နိုင်။သူအဝေးမှာရှိနေတဲ့အချိန် လှိုင်းအကြောင်းတွေကို မေမေကသူ့ဆီဆက်သွယ်တိုင်း ပြောပြနေကျ။

You've reached the end of published parts.

⏰ Last updated: May 05 ⏰

Add this story to your Library to get notified about new parts!

မောင့် စိန်လှိုင်းသွင်Where stories live. Discover now