စိန်လှိုင်း ရေမိုးချိုးပြီးသည်မို့ သနပ်ခါးလိမ်းရန် ကျောက်ပျဉ်ရှေ့တွင်ထိုင်ချလိုက်သည်။
သနပ်ခါးသွေးပြီးသည်နှင့် ထုံးစံအတိုင်း တစ်ကိုယ်လုံးကိုသနပ်ခါးဖြင့်လိမ်းကျံလိုက်သည်။ပြီးသည်နှင့် ကြည်လင်ရှင်းသန့်သည့် မျက်နှာနုနုလေးပေါ်သနပ်ခါးလိမ်းလိုက်သည်။အဆုံးသတ်မှာ ပါးကွက်ကြားလေးလည်းမပါမဖြစ်။နဖူးပေါ်မှာ ဖိုးလမင်းသဖွယ် ဝလုံးလေးလည်းနေရာယူထားလို့ရယ်။ကာတွန်းဘောင်းဘီတစ်ထည်သာဝတ်ထားပြီး အပေါ်ပိုင်းကဘာမှမဝတ်ရသေး။ဗလာကျင်းနေသည့်အသားအရည်နုနုလေးသည် ပြောင်လက်တောက်ပနေသော ကြွေပန်းကန်ငယ်လို။
ရေစက်တွေတွဲလဲခိုနေသည့် ကျောပြင်ငယ်လေးသည် မထိရက်စရာကောင်းလောက်အောင် အသားအရည်ချောမွေ့လွန်းနေသည်။သနပ်ခါလိမ်းနေရင်းမှ မှန်ထဲမြင်နေရသည့် အကြည့်စူးစူးကြောင့် စိန်လှိုင်း ချက်ချင်းထကာ ဝါးတန်းပေါ်လှန်းထားသည့်နီးရာပုဆိုးတစ်ထည်ကို ဆွဲယူကာခြုံထားလိုက်သည်။ပြီးသည်နှင့်ထိုလူကြီးဘက်လှည့်ကာ ခပ်စူးစူးအကြည့်တစ်ချက်ပြန်ပို့လိုက်သည်။
"ဦးဘမောင်"
ဟိုကိစ္စဖြစ်ပြီးသည့်နောက်ပိုင်း စိန်လှိုင်း သတိရှိရှိနေခဲ့သည်။ဦးဘမောင်ကို သံသယဝင်မိပေမဲ့လည်း လက်ပူးလက်ကြပ်ပြောဆိုဖို့ သက်သေကမရှိသည်မို့ စိန်လှိုင်း ငြိမ်နေခြင်းသာ။ထိုအစား စိန်လှိုင်း ပို၍သတိတစ်ကြီးအနေအထိုင်ဆင်ခြင်လာခဲ့သည်။ကျောင်းပိတ်ရက်တိုင်း အမေအိမ်မှာမရှိသည့်အချိန်ဆို စိန်လှိုင်းလည်း အောင်ပြည့်စုံအိမ်သွားကာ စာကျက်ဖြစ်သည်။ဒီကြားထဲ ဦးဘမောင်ကလည်း စိန်လှိုင်းနဲ့ အလှလေးကိစ္စကြောင့်စကားများတာကလွဲရင် စကားမပြောဖြစ်။ခပ်ကင်းကင်းနေသည်မို့ စိန်လှိုင်းရဲ့သံသယစိတ်ကနည်းနည်းမှိန်ချင်သလိုဖြစ်သွားရသည်။အခုကျတော့။
သတိကလေး တစ်ချက်လွတ်တာတောင်မရဘူးဘဲ။
"ဦးဘမောင် ခင်ဗျားဘာကြည့်တာလဲ"
ထိုသို့အအော်ခံရသည့်တိုင် ဦးဘမောင်နည်းနည်းမျှမလှုပ်။မျက်ဝန်းထဲကရမ္မက်မီးတောက်သည့်အရိပ်အယောင်တို့သည့် နည်းနည်းလေးမှငြိမ်းမသွား။
YOU ARE READING
မောင့် စိန်လှိုင်းသွင်
Romanceစိန်ပွင့်ကို ရောင်စုံခြယ် နှလုံးသားရဲ့တေးသွားကိုသီကြူးလို့ ချစ်ခြင်းရဲ့သဘောတစ်ရားက လှပကြောင်း လူတွေလက်ခံလာအောင် မောင် တို့အချစ်တွေနဲ့အတူ သက်သေထူရအောင်....