Part-8

14 1 2
                                    


နွေဦးလေတစ်ချက်အဝှေ့ မှာ လွှင့်ကြွေသွားတဲ့ရွက်ခြောက်ဝါလေးတွေ မြေပြင်ပေါ်မှာ ဆင်းသက်ခကြွေနေသည်။ရွက်ဟောင်းကြွေလို့ အရွက်သေးလေးတွေ ပြွတ်ထွက်လာတဲ့ အဖူးနုနုလေးတွေလည်း မျက်စိထဲမြင်ရတာပနံသင့်လှပါရဲ့။

သစ္စာတောရွာရဲ့ ရွာထိပ်လမ်းတွင် ငုဝါပင်ကြီးနှစ်ပင်ကယှက်ကာ ထီးထီးကြီးရှိနေလျက် သစ္စာတောရွာသို့အလည်လာသူများကို ဧည့်ခံကြိုနေလျက်ရှိသည်။
အပင်မြင့်မြင့်၊ကိုင်းတံညိုညို၊အရွက်စိမ်းစိမ်းလေးနဲ့ ရွေဝါရောင်လိုတောက်ပသော ပန်းပွင့်လေးတွေက နွေဦးရာသီရောက်ပြီမို့ တွဲလီတွဲလောင်းကျရင်း မြိုင်မြိုင်ဆိုင်ဆိုင်လှလှပပ အားမနာတမ်းပွင့်လန်းနေကြသည်။သစ္စာတောရွာရဲ့ နွေရာသီအလှကို တစ်ဖက်တစ်လမ်းကနေအလှဆင်ပေးတဲ့ ငုဝါပန်းဟုဆိုရမည်။
အချိန်ကလည်း နေ့ဝင်ဆည်းဆာချိန်မို့ ငုဝါပန်းလေးတွေရဲ့အရောင်ကပိုလို့တောင်တောက်နေသယောင်။ရွာရဲ့နေဝင်ဆည်းဆာအလှတစ်ရားနဲ့ ငုဝါပန်းလေးတို့သည် တစ်ကယ်ဘဲလှပလွန်းသည့် လက်ရာမြှောက်ပန်းချီကားချပ်သဖွယ်။

လှိုင်း သည် လက်ထဲဓားတစ်လက်ကိုင်ရင်းနဲ့ ရွာထိပ်ထိလျှောက်လာချိန် ငုဝါးပန်းပွင့်လေးတွေကိုမြင်တော့ အလိုလိုနေရင်းခြေလှမ်းတို့ရပ်တန့်သွားရသည်။

"နွေဦးတောင်ပြန်ရောက်ပြီဘဲ"

နှုတ်ကနေတီးတိုးရွတ်ဆိုရင်း ခြေလှမ်းတို့ကိုရှေ့ဆက်လိုက်သည်။

တစ်စုံတစ်ဦးကြောင့် ရာသီဥတုရဲ့အပြောင်းအလဲတွေကို လှိုင်း မှတ်မိတတ်ခဲ့ပြီ။သတိတစ်ချက်မေ့ရင်တောင် ဘယ်ပန်းကိုမြင်တာနဲ့ဘယ်ရာသီရောက်နေပြီလဲဆိုတာ မမှတ်ယူဘဲနဲ့ လှိုင်းအလိုလိုမှတ်မိနေသည်။ရွေ့လျားသွားတဲ့ အချိန်တွေကကုန်မြန်တဲ့ဆိုပေမဲ့ လှိုင်းအတွက်တော့ တစ်နှစ်ပြီးတစ်နှစ်ပြောင်းလဲသွားသည့်အချိန်ကာလတို့သည် ကြာညောင်းလွန်းလှသည်။

"ဒေါန ငါ့ကိုလွှတ်"

"မလွှတ်ဘူး နင်ငါ့ချစ်တယ်ပြောမှလွှတ်မယ်"

ငုဝါပင်အကျော် ရွာထိပ်လမ်းတွင်တွေ့လိုက်ရသည့်မြင်ကွင်းက သဘာဝအလှတစ်ရားနှင့်ဆန့်ကျင်စွာ ရှုမြင်ချင်စဖွယ်မြင်ကွင်းမျိုးမဟုတ်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now