Part-9

12 1 0
                                    


"ကိုကြီး ကျွန်တော့်ကိုဒီလိုမလုပ်ပါနဲ့"

"......................"

"ကိုကြီး...ကျွန်တော့်ကိုဒီလိုလုပ်လို့မဖြစ်ဘူး"

"...................."

"ကိုကြီး....!"

အော်ဟစ်သံနဲ့အတူ လှိုင်း လန့်နိုးလာသည်။နဖူးပေါ်မှာလဲ ချွေးစက်တွေတွဲလဲခိုလို့။
ရင်ဘတ်ကလည်းနိမ့်ချည်မြင့်ချည်ဖြစ်နေသလို အသက်ရှုသံကလည်း ခပ်ပြင်းပြင်းရယ်။

အမှောင်ထဲမှာမို့ ဟိုဟိုသည်သည်စမ်းရင်း ဓာတ်မီးကိုစမ်းမိသွားသည်။ဓာတ်မီးထွန်းလိုက်ပြီး လက်ပတ်နာရီကိုငုံ့ကြည့်လိုက်တော့ မနက်(၁)နာရီ။

ပြန်အိပ်ပျော်ဖို့ကလည်းမဖြစ်နိုင်တာမို့ ချက်ပြုတ်ရန်ပြင်ရတော့သည်။ဟိုတစ်လောတုန်းက ဖွားခင်နေမကောင်းဖြစ်တာမို့ သွားကူအိပ်ပေးပြီး ထမင်းဟင်းလည်းချက်ပြုတ်ပေးခဲ့သည်။
အခုကျ ဖွားခင်လည်းနေကောင်းလာပြီမို့ သွားမအိပ်ဖြစ်ပေမဲ့ စားဖို့သောက်ဖို့အတွက် ဖွားခင်အတွက်ပါပေါင်းချက်ပေးဖြစ်သည်။
ဖွားခင်အိမ်နဲ့ လှိုင်းတို့အိမ်ကလည်း ခြံဘေးချင်းကပ်ရပ်မို့ ချက်ပြုတ်ပြီးရင် သွားပို့ပေးလိုက်ရုံသာ။

လှိုင်း ကမုန့်ဟင်းခါးနဲ့အသုပ်လည်းလုပ်ရောင်းသည်မို့ မုန့်တီအရင်ပြုတ်ရန်ဆုံးဖြတ်လိုက်သည်။မီးမွှေးပြီး ရေနွေးအရင်တည်လိုက်သည်။ပြီးသည်နှင့် ဝယ်ထားသည့်မုန့်တီထုပ်ကိုဖောက်ထားလိုက်သည်။ရေနွေးဆူတာနဲ့ အဆင်သင့်ထည့်လို့ရအောင်လို့။

လှိုင်း အားလုံးချက်ပြုတ်ပြီးချိန် မိုးစင်စင်လင်းချေပြီ။အပြေးရေမိုးချိုး၊သနပ်ခါးလိမ်းပြီးသည်နှင့် ဆိုင်ဖွင့်လိုက်သည်။

အိုးဖြူဖြူထဲထည့်ထားတဲ့ မုန့်ဟင်းခါးရည်ကလည်း အငွေ့တစ်ထောင်းထောင်းနဲ့မွှေးရနံ့ကလည်း ဂလူပျံလို့။

မုန့်ဟင်းခါးရည်အိုးရော၊မုန့်တီဗန်းရော၊အသုပ်ဖို့ပစ္စည်းတွေရော၊ပြုတ်ထားသည့်ခေါက်ဆွဲရော သူ့နေရာသူစီစီရီရီချထားပြီးသည်နှင့် လှိုင်း ခဏထိုင်နားလိုက်သည်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now