Part-5

19 2 0
                                    


"သားရှားရေ...သားရှား"

"ဗျာ...မေမေ"

အိမ်ရှေ့ဧည့်ခန်းရှိ စာအံရန်ပြင်နေစဉ် မေမေ့အော်ခေါ်သံကြောင့် ရှား ပြန်ထူးလိုက်သည်။

"သားဒေါ်လေးကြူတို့အိမ် မုန့်ဟင်းခါးသွားပို့ပေးလိုက်ဦး"

မေမေကိုင်လာသည့် ငါးဆင့်စတီးချိုင့်ကြီးဆီ ရှား အကြည့်ရောက်သွားပြီး နှုတ်ခမ်းကလေးစူချင်လာရသည်။

ဒေါ်လေးကြူဆိုသည်မှာ မေမေရဲ့ညီမအရင်းဖြစ်သည်။နာမည်အရင်းကဒေါ်ကြူလှဖြစ်သည်။အရင်အိမ်ထောင်ကအမျိုးသားဆုံးပြီးနောက်မှာတော့ နောက်အိမ်ထောင်ပြုလိုက်၍ ဒေါ်လေးကြူမှာ အရင်အိမ်ထောင်နဲ့ရတဲ့သား ခေါင်ခိုက်သူအပြင်နောက်အိမ်ထောင်နဲ့ရတဲ့သား ဒေါနမူဟူ၍ သားနှစ်ယောက်ရှိသည်။ ဒေါ်လေးကြူရဲ့သားကြီးဖြစ်သည့် ခေါင်ခိုက်သူနဲ့ ရှားတည့်သော်လည်း သားငယ်ဖြစ်သည့်ဒေါနမူနဲ့မတည့်တာမို့ ဒေါ်လေးကြူတို့အိမ်ဆီ ရှား ခြေဦးတောင်မလှည့်ချင်။ကိုကြီးကတော့ သူ့ရဲ့မအေတူဖအေကွဲ ညီလေးကိုမချစ်ပေမဲ့ အငယ်ဖြစ်သူကိုသည်းခံရှာပါရဲ့။ဒေါနမူကလည်း အငယ်ပီပီကိုကြီးအပေါ်သိပ်ဆိုးသည်။တစ်အိမ်လုံးရဲ့အလိုလိုက်မှုကြောင့်လည်း ဒေါနမူကဆိုးရာကနေ နည်းနည်းရိုင်းချင်သည်။အကျင့်မကောင်းသည့်အပြင် ရှားကိုရန်စတတ်လွန်းသည့် ထိုသကောင့်သားကို ရှားလုံးဝအမြင်မကြည်။

"ဒီအပတ်ကျောင်းပိတ်ရက် ဒေါအိမ်မပြန်လာဘူး သားရဲ့"

ရှားအကြောင်းကိုသိသူပီပီ မေမေကထိုသို့ပြောလာတော့ ရှား အောက်နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်လိုက်သည်။

"အာ့ဆို ပေး၊သားသွားလိုက်မယ်"

ကိုင်ထားသည့်စာအုပ်ကို စားပွဲဝိုင်းလေးပေါ်ဆီချထားရင်း မေမေ့ဆီကနေ ချိုင့်လှမ်းယူလိုက်သည်။

နောက်ဆုံးတော့ မေမေ့ကောင်းမှုကြောင့် ဒေါ်လေးကြူတို့အိမ် ရှား ရောက်လာရသည်။အလာကျဲသော်လည်း ရောက်ဖူးနေကျအိမ်မို့ အိမ်ရဲ့အပြင်အဆင်ကို ရှားရင်းနှီးနေသည်။

အိမ်နောက်ဖေးသို့တန်းဝင်လိုက်တော့ ပန်းကန်ဆေးနေသည့် ဒေါ်လေးကြူကိုတွေ့ရသည်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now