Part-12

18 2 0
                                    


ဘေးတိုက်မြင်နေရသည့် ထင်ရှားမောင်ရဲ့ မျက်နှာအသွင်အပြင်ကိုယ်နေဟန်ထားကို လှိုင်း အလွတ်မပေးဘဲငေးကြည့်နေမိသည်။

ဖြောင့်စင်းသည့်နှာတံ၊ပိရိသေသပ်သည့်နှုတ်ခမ်းတစ်စုံ၊ထူထဲမည်းနက်သည့်မျက်ခုံးငယ်၊ကော့ညွှတ်ထိုးထွက်နေတဲ့မျက်တောင်ဖျား၊လှပသေသပ်သည့်မေးရိုးသွယ်သွယ် ထိုကြည့်ကောင်းမှုအစုံတို့သည် ထင်ရှားမောင်ဆိုတဲ့လူသားလေးတစ်ယောက်တည်းဆီကိုမှ စုပြုံရောက်လာသည်တဲ့။ဒါတောင် ရယ်လိုက်ရင် ပေါ်လာတဲ့သွားတက်ဖြူဖြူလေးနဲ့ သူ့နေရာနဲ့သူချိုင့်ဝင်သွားတဲ့ ပါးချိုင့်သေးသေးလေးတွေပါ အဆစ်ပါသေးသည်။

ထိုချောမောမှုကိုငေးကြည့်ရင်း လှိုင်းပါမနာလိုရသည်လို့ခံစားမိလာသည်အထိ။

"ခဏနေရင် ရတော့မယ် လှိုင်း"

သူ့ဘက်လှည့်ကာ ပြုံးပြရင်း စကားဆိုလာသည့် ရှား ကို လှိုင်း ဒီအတိုင်းသာငေးမြဲငေးဆဲ။

ရှေ့မှာမြင်နေရသည့်လူသားက တစ်ကယ်ဘဲ ထင်ရှားမောင်တဲ့...
ပြီးတော့ သူညနေစာစားဖို့ ဆန်ပြုတ်ပြုတ်ပေးနေသည်လေ...။

ယုံချင်စရာခက်ပေမဲ့ ဒီလူက လှိုင်းရဲ့အချစ်ဆုံးသူငယ်ချင်း ထင်ရှားမောင်ဆိုတာက်ိုတော့ ငြင်းလို့မရနိုင်ပေ။

အခု ရှားက လှိုင်းအတွက် ညစာစားဖို့ဆန်ပြုတ်ပြုတ်ပေးသလို လှိုင်းနဲ့ပါညအိပ်ပေးမယ်တဲ့။ရှား မရှိတဲ့အတောအတွင်း မေမေကွယ်လွန်ပြီးနောက်မှာ လှိုင်းနေမကောင်းရင် ပြည့်စုံအဖော်အဖြစ်လာအိပ်ပေးနေကျ။

ပြည့်စုံဆိုမှ ရှား အိမ်ရောက်လာတဲ့အချိန်ကစပြီး ပြည့်စုံကို လှိုင်းမတွေ့တော့ပေ။ဘယ်အချိန်ကည်းက ထထွက်သွားသည်ကိုလည်းမသိ။သတိထားမိတဲ့အချိန် ပြည့်စုံမရှိတော့ပေ။ဖြစ်နိုင်တာတော့ အိမ်ကိုပြန်သွားလောက်ပြီဖြစ်မည်။

"ကဲ...ရပြီ"

"ရပြီ"ဆိုသည်နှင့် လက်နှီးကိုယူပြီး မီးဖိုပေါ်မှ အိုးကိုမကာချလိုက်သူရဲ့ လက်မှပေါ်လာသည့် သွေးကြောစိမ်းစိမ်းလေးတွေကို လှိုင်း ငေးမိပြန်သည်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now