Part-14

6 1 2
                                    

"အဖေ ဘာပြောလိုက်တယ်...သားက သင်းလဲ့ပြာနဲ့စေ့စပ်ရမယ် ဟုတ်လား"

"အင်း"

တိကျပြတ်သားစွာထွက်လာသည့်အဖြေကြောင့် ထင်ရှားမောင် ခေါင်းခါလိုက်သည်။ထိုင်နေသည့်မေမေကိုလှည့်ကြည့်တော့လည်း မျက်နှာလွှဲထားသည်။

မနေ့ကဘဲ လှိုင်းကိုချစ်ခွင့်ပန်ထားတာကို အိမ်ပြန်ရောက်တော့ တစ်ခြားမိန်းမနဲ့ စေ့စပ်ရမယ်ဆိုတဲ့သတင်းကဆီးကြိုနေသည်။

"ဘာအတွက်လဲ"

"ဘာအတွက်ရမှာလဲ မိဘတွေကမင်းကောင်းစားဖို့ဘဲစီစဉ်နေတာလေ၊မင်းကိုမိန်းမကောင်းတစ်ယောက်နဲ့လက်ဆက်ပေးဖို့ စီစဉ်နေတာကိုငြင်းဖို့မကြိုးစားနဲ့"

"အဖေ သားကိုပေးထားတဲ့ကတိကျတော့ရော"

"ကလေးကလားအရွယ်တုန်းကမဟုတ်မဟတ်ဟာတွေ အတည်လို့မမှတ်ယူစမ်းနဲ့ ထင်ရှားမောင်၊မိဘကမင်းအတွက်ကောင်းတယ်ထင်လို့ စီစဉ်ပေးတာ မငြင်းနဲ့"

"ကလေးကလားအရွယ်တုန်းကမဟုတ်မဟတ်တဲ့လား...ဟမ့်...ကျွန်တော့်နှလုံးသားတစ်ခုလုံးနဲ့ရင်းခဲ့ရတာဗျ...ဆယ့်တစ်နှစ်ကျော်ကြာအဖေတို့စိတ်တိုင်းကျမြို့မှာသွားနေခဲ့တာ လှိုင်းနဲ့သဘောတူပေးမယ်ဆိုတဲ့အဖေ့ရဲ့ကတိစကားကိုယုံခဲ့လို့...အဖေ့ဆီမှာ နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ယုံကြည်မြှုပ်နှံထားတာကို ဒီလိုမျိုး ကတိကိုလွယ်လွယ်ဖျက်ပစ်လိုက်မယ်ပေါ့လေ...ပြီးတော့ ကျွန်တော်ကရော အဖေ့ရဲ့ကတိစကားကိုလွယ်လွယ်နဲ့အဖျက်ခံမယ်လို့ထင်လား"

"ငါကတိပေးခဲ့တာမဟုတ်ဘူး...ထင်ရှားမောင်၊ဒီအတိုင်း မင်းကိုအဝေးပို့ဖို့ လှည့်စားပြီးပြောခဲ့တာ"

"ရွာအကျိုးကိုသယ်ပိုးခဲ့ဖူးတဲ့ရွာသူကြီးတစ်ယောက်အနေနဲ့ အဖေက ကိုယ့်သားအပေါ်တော့ ပေးထားခဲ့တဲ့ကတိကိုဒီလိုမျိုး လွယ်လွယ်နဲ့မေ့ဖျောက်ထားလိုက်တယ်ပေါ့လေ...သားသမီးအပေါ်အဖေပီသတာဘဲ"

ထင်ရှားမောင် ရဲ့ခနဲ့တဲ့တဲ့စကားလုံးတွေကြောင့် ဦးထင်ရှားဦး မျက်ခုံးနှစ်ဖက်လုံး ထိစပ်လုနီးပါးတွန့်ကွေးသွားရသည်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now