Part-11

9 1 0
                                    

အချစ်တဲဲဲ့...

အဲ့ဒီအချစ်ဆိုတဲ့စကားလုံးက ဘာကိုဆိုလိုမှန်း ပြည့်စုံသေသေချာချာမသိသလို အချစ်ဆိုတဲ့အရာက ဘယ်လိုဖြစ်တည်မှုမျိုးလဲ ဘယ်လိုအကြောင်းအရာမျိုးလဲဆိုတာ ပြည့်စုံတစ်ခါမှ စူးစမ်းရှာဖွေလိုစိတ်မရှိခဲ့ပါ။

ပြည့်စုံသိတာ လူ့ဘဝကတိုတိုလေး။
လုပ်စရာရှိတာလုပ်မည်။ပျော်ပျော်နေမည်။ဒီလောက်ပါဘဲ။

ကျန်တဲ့အရာတွေ အလေးခံပြီးခေါင်းထဲမထည့်ချင်။ဒါပေမဲ့ အခုတော့...

ပြည့်စုံရှေ့က ပိုးလုံးလေးလိုချစ်စရာကောင်းတဲ့အကောင်ပေါက်ငယ်လေးကိုငေးကြည့်မိသည်။
နှုတ်ခမ်းကလည်း မသိမသာတွန့်ကွေးသွားသည်။

ဟုတ်သည်...ပြည့်စုံ ဒီမနက် လှိုင်းတို့အိမ်ဆီထုံးစံအတိုင်း ရောက်လာခဲ့ပြန်သည်။အိမ်ကစောစောစီးစီးဘူးသီးကြော်လုပ်စားသည်မို့ လှိုင်း အတွက်လာပို့ပေးခြင်းသာ။

ဒီရောက်တော့ သကောင့်သားကအိပ်ယာထဲကွေးကွေးလေးလှဲနေသည်လေ။နဖူးကိုစမ်းသပ်ကြည့်တော့မှ ကိုယ်ခြစ်ခြစ်တောက်ပူမှန်းသိရသည်။ကြည့်ရတာ သူ့အမေနဲ့ပတ်သက်တဲ့ အိပ်မက်ဆိုးထပ်မက်ပြန်ပြီနဲ့တူသည်။ဒီတော့မှ သက်ပြင်းကလေးချကာ ဆေးပြေးဝယ်ရသလို၊ဆန်ပြုတ်အလျင်အမြန်ပြုတ်ရသေးသည်။

ဒါကို ဒီသကောင့်သားက ဆေးပဲသောက်မယ်၊ဆန်ပြုတ်မစားဘူးတစ်ကဲကဲလုပ်နေလို့ ချော့တစ်ခါ ခြောက်တစ်လှည့် မနည်းစားဝင်အောင်လုပ်ရသေးတာ။

ဒီကောင်ငယ်လေးဟာလေ...အရမ်းခေါင်းမာတာ။ဆေးတော့လွယ်လွယ်တိုက်လို့ရပေမဲ့ ဆန်ပြုတ်စားဖို့ကတော့ ထိုင်ရှစ်ခိုးရမတတ်ချော့မော့ပြောရသည်။

ဒါ့ပြင် ‌နေမကောင်းတာကို ငြိမ်ငြိမ်နေမယ်မရှိဘူး...မုန့်ဟင်းခါးထလုပ်မယ်တစ်ကဲကဲလုပ်နေလို့ ပြည့်စုံတားရသေးသည်။

နေ့လည်ရောက်တော့  အိမ်ယာထဲမအောင်းချင်လို့ အပြင်ထွက်ထိုင်မယ်ဆိုပြီး အိမ်ရှေ့ကမုန့်ဟင်းခါးရောင်းတဲ့နေရာမှာ အတူတူလိုက်ကာထွက်ထိုင်ရသေးသည်။

ခုတော့ အကောင်ပေါက်လေးက ကိုယ်လေးကိုစောင်နဲ့ခြုံရင်း ဟိုကြည့်သည်ကြည့်လိုက်ကြည့်နေလေရဲ့။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now