💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--3}
***************💘*************" သားရစ်...ထည့်စားနော် !
ငါးခူကို အစပ်လေးကြွပ်ကြွပ်ရွရွ ကြော်ပေးထား
တာ ...သားကိုကြီးကလည်း ကြိုက်တယ်လေ "" ဟုတ်...မာမီ ! ရစ်လေးစားရင် ကိုကြီး အတွက်
မကျန်ပဲ နေပါဦးမယ် "" ကိုယ် ... အဲ့လောက် အစားမများပါဘူး ကွ "
" ငါ့ အစ်ကိုက မင်းစားမယ်ဆို သူ အငတ်ခံမယ်တဲ့
အဲ့ဒါကြောင့် ပူမနေနဲ့ ငရစ်ရေ "" ငစိုင်းနော်..."
" ရန်ဖြစ်မနေနဲ့ ... ထမင်းစားနေရင်း "
" ဟုတ် "
" ကြောက်ချက်ကြီးက ကွာ "
" စိုင်းမြတ်ဂုဏ် "
" ခင်ဗျာ...ကိုကြီး "
" အသားမနာတာ ကြာလို့လား ဟုတ်လား "
" မဟုတ်...မဟုတ်ပါဘူး "
" ပါးစပ်ကိုပိတ်ပြီး...အေးဆေးစား "
" ဟုတ် "
တိခနဲ တိတ်ကျသွားသည့် ထမင်းဝိုင်းသည် ဇွန်းသံ
တောင် မကြားရအောင် သစ္စာရှိလွန်းတယ်။" ချလွမ်...အမေ့ "
" ဟာ...ကလေး "
စိုင်း နှင့် အသံတိတ် စစ်ပွဲဆင်နွှဲနေရင်း အသားကို
မဖဲ့မိဘဲ ချော်မိသွားသည့် ခက်ရင်းသည် ရစ်လေး ခြေဖမိုးပေါ် ကွက်တိ စိုက်ကျသွားခဲ့သည့်အခါ" တောက် ...!! "
" သား...ကလေးကို လန့်အောင်ကွယ် "
" ငရစ်...ငါ လုပ်ပေးမယ် "
ဒေါသကြောင့် စူးရဲသွားသည့် မျက်ဝန်းတစ်စုံနှင့် တက်ခေါက်သံခပ်ပြင်းပြင်းကြောင့် ရစ်လေးပါးပြင်ထက် မျက်ရည်တွေက အဆီးအတားမဲ့စွာ
" မင်းယောက်ျားမဟုတ်ဘူးလား...ငိုမနေနဲ့ ခုမှ "
" ကို ကြီး "
" ဖယ်...မင်းလက် "
ရစ်လေး ခြေဖမိုးဆီ လှမ်းနေသည့် စိုင်း၏ လက်ကို ရိုက်ဖယ်ကာ ခက်ရင်းကို ဆွဲယူလိုက်သည့် ကိုကြီးက ညင်သာနေခဲ့တာတော့ ချွင်းချက်တစ်ခု
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...