💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--5}
**************💘************" သား...အရမ်းနာနေလား ဒက်ဒီကလေးလေး"
အသက် အစိတ်ကျော်နေပေမယ့်လည်း ပါးပါးသွယ်သွယ် ခန္ဓာကိုယ်လေးဖြင့် သားကို ကမ္ဘာ ကလေးတစ်ယောက်လို အမြဲယုယခဲ့ရတာ
မနေ့ညကမှ စိတ်တွေလွတ်ထွက်ပြီး အသိလက်လွတ် ရိုက်နှက်မိခြင်းဖြစ်သည်။
ရိုက်ဖို့မပြောနှင့် လေသံမာမာဖြင့်တောင် မဆက်ဆံခဲ့ဖူးတာမို့ သား ကြောက်မည်ဆိုလည်း ကြောက်စရာပါပဲလေ
ကမ္ဘာ မေးတာကိုမဖြေဘဲ ထွေးဖက်ထားသည့် အတိုင်း ငြိမ်သက်နေသည့် သားကြောင့် စိတ်ထဲမတင်မကျဖြစ်ရင်း
" သား ...ရစ်လေး "
" ဗျာ "
" ဒက်ဒီ မေးနေတာလေ သားရဲ့ "
" လတ်တလတ်ဆတ်ဆတ်ကြီး ရှိသေးတာကို
နာတာပေါ့ !
ဒက်ဒီ သားလက်ကိုလည်း တက်နင်းတာ !
သား ဒီလောက် တောင်းပန်နေတာကို မရဘူး "" သားရယ် "
ကမ္ဘာ ဘာစကားမှ ဆက်မပြောနိုင်
သားကိုသာ ထွေးဖက်ရင်း ကျမိသည့်မျက်ရည်က
နာကျည်းမှုတွေ ရောယှက်ပါနေခဲ့တာတော့ ကာယကံရှင် မိမိသာ အသိဆုံးဖြစ်၏ပြန်မတွေးချင်သော အတိတ်တွေက ကမ္ဘာ့နှလုံးသားကို ခုထိ ရိုက်ခတ်ဆဲပါပဲ
" ငရစ်ရေ...ခေါက်ဆွဲရပြီဟေ့ "
အသံနှင့်အတူ အငွေ့တထောင်းထောင်း ထနေသော ခေါက်ဆွဲပန်းကန်ကို ကိုင်ပြီး ဝင်လာသည့် စိုင်းက သားအဖနှစ်ယောက်၏ ပုံစံကြောင့် အားနာသွားမိတယ်
" ခေါက်ဆွဲရပြီတဲ့ သားရေ !
စားလိုက်ဦးနော် သား ရစ်လေး !
ဒက်ဒီ ကုမ္ပဏီကိစ္စ ဖုန်းစကားပြောလိုက်ဦးမယ် "" ဟုတ်...ဒက်ဒီ "
မွန်းကြပ်လာသည့် စိတ်အစဉ်ကြောင့် ခဏရှောင်ချင်မိတာ အတော်ဖြစ်သွားတာမို့ အကြောင်းပြချက်ဖြင့် အခန်းထဲမှ ထွက်ခဲ့လိုက်တော့သည်။
" ဒက်ဒီ...ကုမ္ပဏီမသွားရဘူးနော် "
ကျောနောက်မှ ကပ်ငြိပါလာသည့် မဝံ့မရဲ အသံလေးကြောင့် လက်တစ်ဖက်ထောင်ပြမိလျက်
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...