Part--19

1.8K 52 11
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--19}
**************💘*************

ကမ္ဘာ့ ခေါ်သံတွေက လွင့်မျောချင်ရာ မျောနေသည့် ရစ်နားထဲ နီးလာလိုက် ဝေးသွားလိုက်

ရစ် အရှေ့မှသွားနေသည့် မာမီနောက်လိုက်နေရင်း ဒက်ဒီခေါ်သံကြားနေရတာ ခဏခဏမို့

" မာမီ...ဒက်ဒီ သားကို ခေါ်နေတယ် !
  သား မာမီနဲ့ မလိုက်ပါရစေနဲ့တော့ ဒက်ဒီ ခေါ်နေပြီ
  သား ပြန်ပါရစေ မာမီ "

ရစ် တကြော်ကြော်ခေါ်ပြောနေပေမယ့် မာမီက လှည့်မကြည့်

ဘာမှလဲ မပြော

" ဟင့်...ဒက်ဒီ ! ဒက်ဒီ သားကို လာခေါ်ပါ "

ရစ် ဒက်ဒီဆီ အရမ်းပြန်ချင်နေပေမယ့် ပြန်ရမယ့်လမ်းကို မသိ

ဒက်ဒီခေါ်သံက ရစ်နားထဲ ဝေးဝေးကျန်ခဲ့ပြီမို့ ထိတ်လန့် လာရင်း

" ဒက်ဒီ...သားကို ခေါ်ပါ အီး ဟီး ဟီး !
  သား မာမီနဲ့ မလိုက်တော့ဘူး မလိုက်ချင်တော့ဘူး !
  သားကို ဒက်ဒီဆီ ပြန်ပို့ပေးပါ မာမီ "

*****

၇ ရက်မြောက်နေ့

ဒီနေ့က ဂျူလီယာ၏ ရက်လည်နေ့ ဖြစ်သည်။

သို့သော် ကမ္ဘာကတော့ ဘယ်လိုအကြောင်းမျိုးနှင့်
မှ ဆုံးသည့် နေ့ကတည်းက ခြေဦးမလှည့်

သူသိတာ သူ့သား သတိရလာဖို့သာ

သား မျက်နှာကိုသာငေးရင်း ပူပန်မှုကြောင့် ညှိုးနွမ်း နေသည့် ကမ္ဘာဟာ မုတ်ဆိတ်မွှေး ပါးမြိုင်းမွှေး ထူလပျစ်ဖြင့် ညှင်းသိုးသိုးဖြစ်လို့နေပြီ

သားဖြစ်သူ၏ မျက်နှာ လည်ပင်း နှင့် လက်ကလေးတွေကို snow tower လေးဖြင့် သန့်စင်ပေး
ရင်း မျက်ရည်အဝဲသားဖြင့် ငေးနေမိတာလည်း မြင်ရသူတွေကို ဝမ်းနည်းစေတယ်

ဒီနေ့မှ တတွတ်တွတ် ပြောမနေဘဲ သားကို ငေးနေ
မိသည့် ကမ္ဘာ့ရင်ထဲ ပူလောင်ခြင်းက ခါတိုင်းနေ့
ထက် ပိုဆိုးနေသလားပဲ

" တီ တီ တီ "

" ဟင် "

" ကလေး "

" သားးးးးးးး မဟုတ်ဘူး အဲ့လို မဖြစ်ရဘူးလေ !
  ဂုဏ် လုပ်ပါဦးကွာ ငါ့ သားကို ခေါ်ပါဦး !
  သား ဒက်ဒီကို မထားခဲ့ပါနဲ့ သားရယ် သားးးးးးးး "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now