💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--23}
*************💘************" ဦး "
" ဟင်...အလုပ်တွေ ရှိသေးတယ် "
အလုပ်စားပွဲမှာပြန်ထိုင်လိုက်သည့် ကမ္ဘာ့နား ပွတ်သီးပွတ်သပ်လာလုပ်နေ၍ ပြောလိုက်တော့ နှုတ်ခမ်းကစူထွက်လာပြီး
" လုပ်လေ...စိုင်း ကုမ္ပဏီရှေ့မှာ မုန့်သွားဝယ်စားမလို့
ဦး ဘာမှာမလဲ "" ဘာ...မုန့် ဟုတ်လား "
" ဟုတ်တယ်...ရေခဲမုန့်သွားစားမလို့ "
" ပြန်တော့ "
" မပြန်ဘူး "
" စိုင်းမြတ်ဂုဏ် "
" အနမ်းပေးရင် ပြန်မယ် "
" ဘာ...!!! "
____________
ကမ္ဘာ့ မျက်နှာနား နီးကပ်လာသည့် စိုင်း မျက်နှာကို
အသာဖယ်ရင်း ထရပ်လိုက်တော့ နောက်ကနေ သိုင်းဖက်ခြင်းခံလိုက်ရပြီး" ဦး ... စိုင်းကို စိတ်ဆိုးသွားတာလား "
" ပြန်တော့...စိုင်း ! အလုပ်တွေရှိသေးတယ် "
" ဦး နဲ့ အတူတူပြန်မှာ ... ဦးဖာသာလုပ်နေလေ !
စိုင်းက ဂိမ်းဆော့နေမှာပေါ့ နော် ဦး "" ကျစ်...စိုင်းရာ ဘာလို့ရစ်နေတာလဲ ကွာ !
နေ့လည် ၃ နာရီကျရင် Foreigner တွေလာဖို့ရှိတယ် ...hotel project အတွက် ဆွေးနွေးရမှာ သူတို့ နဲ့ အဲ့ဒါကြောင့် ပြန်ခိုင်းတာလေ "" ပြီးတာပဲ...စိုင်းပြန်တော့မယ် "
" စိုင်း "
ကမ္ဘာခေါ်တာတောင် လှည့်မကြည့်တော့ပဲ ထွက်သွားလိုက်တာ မြန်ချက်
ငါက သူ့ကို ချော့ရဦးမှာလား
ကလေးကလားတွေကွာ
စိတ်ပျက်လက်ပျက်ဖြင့် အလုပ်စားပွဲမှာ ဝင်ထိုင်လိုက်ပေမယ့် ကမ္ဘာ့စိတ်တွေက မျက်နှာငြိုသွားသည့် စိုင်းဆီသာ စိတ်ရောက်နေလျက်
ကျစ် ဆိုးလိုက်တာ
မနေနိုင်စွာ ဖုန်းခေါ်မိတော့လည်း လူကြီးမင်းနှင့်တိုးတာမို့ ထပ်မခေါ်မိတော့
မရမက အလုပ်ထဲသာ စိတ်ပြန်နှစ်လျက်
********
စိတ်ဆိုးပြီး ပြန်လာသည့် စိုင်းက ကော်ဖီဆိုင်လည်း မသွားဖြစ်ဘဲ အိမ်သာပြန်လာဖြစ်ရင်း
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...