💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--17}
************💘*************" ရစ်ရေ...ငရစ် ! တံခါးဖွင့်ပါဦးဟ...
ငါ့ အခန်းထဲက ရေချိုးခန်းရေပိုက်က ရေမလာ
တော့လို့ ...ရစ်ရေ "" ----------------------- "
" ဟာ...တံခါးကအပြင်ကပိတ်ထားတာပဲ !
ဒီငလူးက ဘယ်ရောက်နေပြန်လဲဟ "" အကိုလေး "
စိုင်း ရစ်အခန်းရှေ့တွင် မကျေမလည်ရေရွတ်နေတုန်း ကိုမျိုး ခေါ်သံကြား၍ လှည့်ကြည့်မိတော့
" သခင်လေးက မရှိဘူးလေ !
သခင်ကြီးရယ် အကိုလေးရဲ့ အစ်ကို ကိုမင်း
ဆိုတာနဲ့ အတူ ထွက်သွားကြတယ် "" အမ်...ဘာ ! လုပ်ပြန်ပြီ ...မပြောမဆိုနဲ့ !
ဒါနဲ့...ဦး အဲ ဦးကမ္ဘာဦးရော တွေ့မိလား "" အဲ့ဒါတော့...မသိဘူး "
" ပြီးရောကွာ "
စိတ်ပျက်ပျက်ဖြင့် ကိုမင်း အခန်းထဲဝင်ချိုးဟန်ပြင်သော်လည်း တံခါးပိတ်ထားခဲ့၍ တိုင်ပတ်
ရသူက စိုင်းပါပဲ" ဦး အခန်းတော့ မပိတ်ထားလောက်ဘူးမလား "
အတွေးဖြင့် ဦး အခန်းဆီ လာပြီး တံခါးခေါက် အသံပေးပြီး ဖွင့်လိုက်တော့ ပွင့်သွားတာမို့ စိုင်းလည်း ဝင်ခဲ့မိ၏။
" ဦးး "
" ဦးကမ္ဘာဦးရေ "
" ရော်... လူကဘယ်ရောက် ! ရှုပ်ပါတယ် ကွာ
ငါ့ ဖာသာပဲ ရေချိုးပြီး သွားတော့မယ် "ဘေးဘီဝဲယာ ဘယ်မှမကြည့်ဘဲ ရေချိုးခန်းထဲ တန်းဝင်သွားသည့် စိုင်း နှင့်
မရှေးမနှောင်းမှာပဲ
ဝရန်တာဘက်မှ ပြန်လာပြီး သူ့အခန်းဆီ ပြန်ဝင်လာသည့် ကမ္ဘာတို့က တေ့လွဲလေးသာ" အမ်...ငါ bathrobe လည်း မပါလာပါလား !
ကောင်းရောကွာ ...ကျစ် "စိုင်းလည်း တွေ့ရာ သဘက်အကြီးတစ်ခုကိုသာယူပြီး ခါးမှာပတ်လျက် ထွက်ခဲ့မိတော့သည်။
" ဘုတ်...အင့် "
" ဟ...မင်း ဘယ် ဘယ်လိုလုပ် "
ရေချိုးခန်းတံခါး ဖွင့်ထွက်လာသည့် စိုင်း နှင့် ရေချိုးရန် ရေချိုးခန်းထဲဝင်ဖို့ တံခါးဖွင့်ဟန် ပြင်လိုက်သည့် ကမ္ဘာ ပက်ပင်းတိုးမိသည့်အခါ
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...