💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--12}
**************💘*************" ဘယ်တုန်းက ရောက်လဲ ကလေး "
" သိပ်မကြာသေးပါဘူး...ဒေါက်တာ "
" ဟင် "
ဂုဏ့် မျက်နှာကိုစိုက်ကြည့်လျက် အပြုံးမမည်သော နှုတ်ခမ်းလေးတွန့်ကွေးရုံဖြင့် အနိမ့်အမြင့်
အတက်အကျမရှိသည့် ပကတိငြိမ်သက်သော ဖြေ
သံမှာ ဂုဏ့် ရင်ကို မြှားအစင်းပေါင်းများစွာ ပစ်ခတ်လာသလိုပါပဲထိုထက် ဆိုးတာက ကလေးခေါ်လိုက်သည့် နာမ်စား
ဒေါက်တာတဲ့လား ကလေးရယ်
စိုင်းတို့မှာလည်း အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်လေ
ဘယ်သူထင်မိမှာလဲ
ဒီအခေါ်အဝေါ်ထိ ခေါ်ပစ်လိုက်မယ်လို့
" ဒီနေ့ နားတာပေါ့...ဟုတ်လား ဒေါက်တာ "
" ဟင်...အင်းးးးး ကိုယ်နားတာ ကလေး "
ဂုဏ် ပြန်ဖြေလိုက်သော်ငြား ကလေးကတော့ မျက်ဝန်း
တွေ ရောက်မလာ မေးခွန်းလည်း ထပ်မလာတော့ဘဲအငယ်ကောင်နှင့်သာ စကားဆက်ပြောနေတာမို့
ခပ်ယဲ့ယဲ့ တစ်ချက်ပြုံးရင်း ခြံထဲဆင်းခဲ့လိုက်မိ၏
" ငရစ် "
" ဟင် "
" မင်း...ကိုကြီးကို ခေါ်လိုက်တာ ဒေါက်တာတဲ့ "
" အွန်းးး အင်းးလေ ...ဘာလို့လဲ "
သက်တောင့် သက်သာ ပါပဲ
ကျောက်ကျောတစ်တုံး ပါးစပ်ထဲထိုးထည့်ပြီး ဖြေလာခဲ့တာ
" ငါ့...အစ်ကိုကို အရမ်းမုန်းသွားပြီလား ရစ် "
စိုင်း မေးခွန်းကို ဖြေဖို့ မာမီနှင့် ဒက်ဒီဆီ ရစ် အကြည့်ရွှေ့တော့
" သားရင်ထဲရှိတာကို...လွတ်လွတ်လပ်လပ်ပြော
လို့ရတယ် သားလေး "" ဟုတ်တယ်...သား "
မာမီ နှင့် ဒက်ဒီကို ရစ် မချိပြုံးလေးဖြင့် ခေါင်းငြိမ့်
ပြရင်း" မမုန်းပါဘူး ... မုန်းဖို့ချစ်ခဲ့တာမှ မဟုတ်တာ !
ဒါပေမယ့်...
ငါ့ ဒက်ဒီရဲ့ အတ္တ နဲ့ ဦးရှရဲ့ ဂုဏ်သိက္ခာကြားမှာ
ငါ့ အချစ်တွေက နင်းခြေခံလိုက်ရတယ်လေ !
အဟက်...မဖြစ်သင့်တော့ဘူးထင်လို့ပါ ?
သူလည်း သက်ဆိုင်သူရှိနေပြီပဲ မဟုတ်လား "
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...