💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--11}
***********💘*************" ရစ်ဖွဲ့ကောင်းကင် "
လိမ္မော်ခြံထဲရှိ ခြံအလုပ်သမားတွေ အားလုံး လုပ်လက်စကို ရပ်တန့်သွားသည်အထိ ဥက္ကာ၏ အသံ
က ဟိန်းထွက်သွားတာပင်။" နားပါလား...ရစ်ဖွဲ့ကောင်းကင် လာစမ်း "
" အ...ဦးကာ "
ရစ် လက်ကို ဆောင့်ဆွဲက ခေါ်လိုက်တာမို့ အတော်လေး နာကျင်မိသွားပေမယ့် ထိုထက်လည်း မပြော
ရဲသည့် အကြောင်းက သေနတ်ကိုင်ထား၍" လာခဲ့...မင်းကို ငါ အသေသတ်မယ် "
ထိုမြင်ကွင်းကို မြင်လိုက်သည့် ဝဏ္ဏမှာ အပြေး
အလွှားရောက်လာပြီး" ကိုဥက္ကာ...ဘာလုပ်တာလဲ "
" မင်းပါးစပ်ပိတ်ထား...ငါ့လက်ထဲက စေတန်ရဲ့
ပြောင်းဝက လူရွေးနေမှာမဟုတ်ဘူး "" ဦးကာ...သားလက်နာနေပြီ "
" သေလေ...$ သံမထွက်နဲ့ မင်းလည်း "
" ကိုဥက္ကာ "
ဥက္ကာ ဆွဲခေါ်ရာနောက် ဒရွတ်တိုက်မတတ် ပါသွား
သည့် ရစ်ကို စိတ်မချသည့် ဝဏ္ဏမှာလည်း အနောက်မှ ခပ်ခွာခွာလိုက်လျက်ခေါင်နန်းရိပ်မြိုင် စံအိမ် ဧည့်ခန်းထဲအရောက်
ဆောင့်တွန်းချခြင်း ခံလိုက်ရသည့် ရစ်မှာ ပုံလျက်သားကြက်သွေးရောင် ကတ္တီပါကောဇောခင်းထက် ရစ်
က ဒူးထောက်လျက်သား အနေအထားဖြင့်ရှိနေပြီးကြက်သွေးရောင် ဆိုဖာခုံမြင့်ကြီးထက်မှာတော့
စီးကရက်ကိုဖွာရှိုက်နေသည့် ဥက္ကာက ခြေပေါ်ချေ
ချိတ်လျက်ချောမောခြင်းတွေဟာ ဤလူသားဆီမှာ စုပုံခစား
နေသော်လည်း နီရဲတင်းမာပြီး မေးရိုးတွေ လှုပ်ခတ်
နေပုံက ရစ်ကို ခေါင်းမဖော်ဝံ့သည်အထိ ကြောက်
လန့်စေသည်။စူးရဲသည့် မျက်ဝန်းအစုံကို မှေးကျဉ်းပြီး ရစ်ကို
ကြည့်နေသည်က စားတော့ဝါးတော့မတတ်" မင်းးးးးး ဘာလုပ်ခဲ့လဲ "
" ဗျာ..."
အပြစ်ကင်းသည့် မျက်ဝန်းပြူးလေးဖြင့် ပြန်ကြည့်
နေသည်က ဥက္ကာကို ပိုဒေါသသွေးကြွစေတယ်
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...