Part--6

1.2K 32 0
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--6}
*************💘*************

" အင့်...ဟင် ကို ကိုကြီး "

" ဟုတ်တယ်...ကိုယ်ပဲ "

ထိကပ်နေသည့် ရင်ခွင် တင်းမာနေသော အကြည့်တွေကြား မူမမှန်ဖြစ်လာပြန်တဲ့ ရင်ခုန်သံတွေကြောင့် ရစ် အသက်ရှူကြပ်လာရင်းးးး

" ဟာ...ကလေး "

ဂုဏ့်မှာ ဆူဖို့ပြင်ထားသည့် စကားလုံးတွေပါ ဘယ်ရောက်ကုန်မှန်းမသိတော့

ရင်ခွင်ထဲပြိုကျလာသည့် ခန္ဓာကိုယ်နွေးနွေးလေးကို ပွေ့ချီလိုက်ရင်း အိပ်ယာထက်ညင်သာစွာ ချပေးပြီး

" အင်္ကျီပေးစမ်း "

" ဗျာ...ဟုတ် ဒီမှာ "

အငယ်ကောင်ကမ်းပေးသည့် အင်္ကျီကို ညင်သာစွာဝတ်ပေးနေမိတာ မိမိပုံစံမဟုတ်သလို ခံစားမိလာတာမို့ အနည်းငယ် အနေခက်နေရင်းမှ

မျက်လုံးလေးစုံမှိတ်လို့ ငြိမ်သက်မိန်းမောနေသည့် လူသားလေးကို သတိလက်လွတ် ငေးမိသွားပြန်တယ်

" ဟင်းးး ဦး ဦးရှ "

" အင်းးးး ကိုယ်ရှိတယ် ကလေး "

" ရေ ရေသောက်ချင်တယ် "

" ခဏ...ကိုယ် အရင်ထူပေးမယ် "

ကျောနောက်မှ သိုင်းပွေ့ကာ ထူပေးရင်း ကုတင်မှာ
မှီပေးမလို့ ရွယ်သော်လည်း ဂုဏ့် ရင်ခွင်ဆီ မှီငဲ့လာ
သည့် ကလေးကြောင့် ထွေးဖက်ပေးထားရတော့၏

ပြုံးစိစိဖြစ်နေသော အငယ်ကောင်ကိုလည်း မကြည်မသာ စွေကြည့်ရင်း အံကြိတ်ပြထားတာတောင်

ရယ်ချင်တာကို အောင့်ထားရသည့် မျက်နှာဖြင့်
ဂုဏ့် လက်ထဲ ရေဖန်ခွက်ကို ကမ်းပေးနေပြန်သေးတာ

ခပ်စူးစူးတစ်ချက်ကြည့်ပေးပြီးမှ ရေခွက်ကိုယူကာ
ကလေး နှုတ်ခမ်းဆီ တေ့ပေးတော့ အငမ်းမရသောက်ရှာတယ်

" သောက်ဦးမလား...ကလေး "

" တော် တော်ပြီ "

ရုတ်တရက် မထိန်းနိုင်ဖြစ်ပြီး ကိုကြီး ရင်ခွင်ထဲ ပြိုကျသွားသည့် အဖြစ်က အတော်တော့ ရုပ်ဆိုးသား

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now