💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--9}
**********💘************ကိုဝဏ္ဏ နှင့် အတူ လိမ္မော်ခြံတွေဆီ လိုက်လာရင်း
ရစ် တစ်ယောက် ငိုချင်စိတ်ကို မြိုချထားရတာ
အတော်လေး ခံရခက်နေခဲ့တယ်။နေပူပူမှာ အပင်ခြေရင်းမှ မြက်တွေကို ရှင်းရတာ
ရစ် အိပ်မက်တောင်မမက်ခဲ့ဖူးသောအလုပ်တစ်ခုအသီးစွတ်တဲ့အလုပ်ဆိုရင်တောင် ရစ် အခုလောက် ပင်ပမ်းမည်မထင်
ဘယ်အငြှိုးနဲ့များ ရက်စက်နေပါလိမ့် ဒက်ဒီရယ်
ရစ်လေး အရမ်းပင်ပမ်းတယ်
" ဟိတ်...အလုပ်လုပ်လေ ! ဘာထိုင်လုပ်နေတာလဲ "
တစိမ်းတစ်ယောက်ဆီမှ ရင့်သီးစွာ အပြောခံလိုက်
ရ၍ နဂိုရ် စိတ်ရိုင်းလေးက ထကြွလာကာ" မလုပ်တော့...မင်းအပူပါလား မင်းကိစ္စလား
ဆရာကြီးလား မင်းက "" ဘာကွ...!
မင်း မလုပ်ဘဲနေတာကို သခင်ကြီးရဲ့
ဘယ်လက်ရုံး နဲ့ ညာလက်ရုံးက မြင်သွားရင်
အသေအရိုက်ခံရမှာစိုးလို့ စေတနာနဲ့ သတိပေး
နေတာကွ ကောင်လေးရ "ထိုသို့ ပြေလည်စွာ ပြန်ရှင်းပြတော့မှ ရစ်လည်း အားနာမိကာ
" တောင်းပန်ပါတယ်...ကျွန်တော် ရုတ်တရက်
စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ အကို "" မလိုပါဘူးကွာ...
မင်းပုံစံက ဒီနေရာနဲ့လည်း မအပ်စပ်ပါဘူး
သခင်ကြီးနဲ့ တစ်ခုခုငြိထားတဲ့ မိသားစုကလား "" ကျွန်တော်က ဦးကာရဲ့ တူပါ !
ကျွန်တော် ဒက်ဒီ မကြိုက်တာကို လုပ်မိလို့
ဒက်ဒီက အပြစ်ခံယူဖို့ ပြန်သုံးသပ်ဖို့ဆိုပြီး ဒီကို
လွှတ်လိုက်တာပါ "" ဟေ...ကောင်လေးက ဘာအပြစ်တွေများ
လုပ်ထားလို့တုန်းကွ "" ဟေ့...ညာလက်ရုံးကြီး လာနေပြီ "
အလုပ်သမားတစ်ယောက်၏ သတိပေးစကား
ကြောင့် ကိုယ့်အလုပ်ကို ပြန်လုပ်ရင်းရေကြည်ဖု တွေထပြီး ပေါက်ပြဲနေပြီဖြစ်သည့် လက်ဖဝါးနုနုကြောင့် စပ်ဖျင်းဖျင်းဝေဒနာကို ခံစားရင်း မျက်ရည်တို့က မြေပြင်ပေါ် ပေါက်ခနဲ
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...