💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--25}
*************💘*************" အဟင့်...ဒက်ဒီ ပြန်မလာသေးဘူးလား လို့ "
ငိုရင်းနဲ့ပဲ ဂုဏ့် ပေါင်ကို ခေါင်းအုံးလို့ အိပ်ပျော်သွားသည့် ကလေးက ဆတ်ခနဲ ထထိုင်က အလန့်တကြားမေးလာ၍
" လာခါနီးပါပြီ...ကလေးရ ! တိတ် တိတ်
မငိုရဘူးလေ ...ပင်ပမ်းနေပြီ တော်တော့ "အချိန်က ည ၁၀ နာရီဖြစ်နေပြီမို့ ဂုဏ်ပါ စိတ်ပူစ
ပြုလာခဲ့တာပင်လူနာသတင်းမေးတာက အခုလောက် မကြာနိုင်
သူ့သားအကြောင်းအသိဆုံးဖြစ်တဲ့ ကိုဦးကလည်း
အချိန်နောက်ကျထိ နေမှာမဟုတ်ခုဟာက လိုတာထက်ပိုကြာနေတာ မဟုတ်ဘူးလား
" စိတ်ထဲနေလို့မကောင်းဘူး...ဦးရှ ရဲ့ !
ဒက်ဒီ ကို ဖုန်းခေါ်ပေးပါဦးလို့ ဟင့် ဟင့် "" အင်းပါ...ကလေးရာ ! ခေါ်ပေးပါ့မယ် "
ဘယ်နှစ်ကြိမ်ခေါ်ခေါ် စက်ပိတ်ထားသည်က ပြောင်းလဲ မသွား
ဟူးးး ဘယ်လိုတွေ ဖြစ်နေပါလိမ့် ကိုဦးရာ
" တီ တီ တီ "
" ဟော...ဒက်ဒီ ပြန်လာပြီ "
ကားဟွန်းသံကြားသည်နှင့် အိမ်ရှေ့ဆီ အပြေးထွက်သွားသည့် ကလေး
" ဒက်ဒီ "
ကားပေါ်မှ ဆင်းလိုက်တာနဲ့ ကမ္ဘာ့ဆီ အပြေးရောက်လာသော သားကို ထွေးဖက်ရင်း
" ဒက်ဒီနောက်ကျသွားတယ် သားလေးရယ် !
မျက်နှာလေး မော့ပါဦး ! အရမ်းငိုထားတာပဲ
ဟုတ်လား သား "" ဟုတ်တယ်...ဒက်ဒီက အရမ်းနောက်ကျနေတာ
သား စိတ်ပူတယ်လေ ! ထားပစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဒက်ဒီရဲ့ အဟင့် "" သားရယ်...ဒက်ဒီက ဘာလို့ ထားပစ်ခဲ့ရမှာလဲ
မဟုတ်တာကိုကွာ ! လာ အိမ်ထဲဝင်ကြစို့ ...
ဪ...ဂုဏ် လာစောင့်ပေးနေတာလား "သားဇောဖြင့် ကိုဦးက အိမ်ဝမှာရပ်နေတာကြာပြီ
ဖြစ်သည့် ဂုဏ့်ကို အခုမှမြင်ဟန်ဖြင့် မေးလာ၍
အပြုံးဖြင့် ခေါင်းငြိ့မ့်ပြမိပါရဲ့
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...