Part--37

956 36 2
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--37}
*************💘************

" ဒက်ဒီ "

" ဗျာ...ဒက်ဒီ ကလေးလေး "

" သားကို ဘာလက်ဆောင်ပေးမှာလဲ "

ဒီနေ့က ရစ် အသက် 28 နှစ်ပြည့်သည့် နေ့မို့ ဖအေဆီက လက်ဆောင်တောင်းနေတာက အသက်လောက်ကို မရင့်ကျက်သေးသလိုပင်

သား နဖူးလေးကို နမ်းလိုက်ပြီး

" သားလေးက ဘာလိုချင်လို့လဲ "

" သား လိုချင်တာ တကယ်ပေးမှာလား ဒက်ဒီ "

" ပေးမှာပေါ့ သားလေးရဲ့ "

" ဟီးးး တကယ်တောင်းမယ်နော် "

လက်ညှိုးလေးထောင်ပြပြီး သွားဖြီးပြနေတာက မသင်္ကာစရာတော့ကောင်းသား

မိသားစုအားလူံး အဖြူရောင်စံအိမ်တွင် စုံနေကြ၍ ရစ်၏ မျက်နှာချိုသွေးမှုကြောင့် မျက်ခုံးပင့်လို့ နားစွင့်နေကြတာပင်

" သားလေးက ဘာတောင်းမှာမို့လဲ ကွာ !
  ပြောလေ...သားလေးလိုချင်တာကို "

" ကလေးလေးတစ်ယောက်လောက် မွေးခိုင်းပေး "

" အမ် "

" ငရစ် စုတ် "

" ဟား ဟား ဟား ဟား "

စိုင်း ၏ ရှက်ရမ်းရမ်းပြီး ထအော်သံက စံအိမ်ထဲ လွှမ်းခြုံသွားသလို

မိသားစုအားလုံး၏ ရယ်သံကလည်း ထို့အတူပင်

" ဘာလိုချင်လဲမေးပြီး...တောင်းတော့လည်း
  မပေးဘူး... ဒက်ဒီက သားကိုမချစ်တော့ဘူး "

" ဟာ...သားကလည်းကွာ ! မဟုတ်တာ "

ရှက်နေကြသည့် ဒက်ဒီ နှင့် စိူင်း ကိုကြည့်ပြီး ရစ်ကတော့ ပြုံးစိစိ

" ဟီးး သားကချစ်လို့ စတာပါလို့ "

" ဒီကလေးကတော့ကွာ "

" ငရစ်စုတ် "

စိုင်း ရှက်ရမ်းရမ်းပြီး ထုထောင်းတာကို ခံလိုက်ရတာက မသက်သာ

သို့သော် သူစချင်တာစလိုက်ရ၍ ရစ်ကတော့ သွားအဖြီးသား

ထိုစဉ် ဦးရှ ပျောက်နေတာ သတိထားမိပြီး

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now