💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--24}
*************💘************" အ...ကျွတ် ကျွတ် "
မျက်စိနှစ်လုံးပွင့်သည်နှင့် ရစ်ခံစားလိုက်ရတာ ပြင်းထန်တဲ့ ခေါင်းကိုက်ခဲမှုကိုသာပင်
" ဒက်ဒီ...ဒက်ဒီရေ ! သား ခေါင်းကိုက်တယ်လို့
ဒက်ဒီရေလို့ "" လာပြီ...သားရေ ! လာပါပြီ ကွ "
" မြန်မြန်လာ...သားမနိုးသေးဘဲ ဘာလို့ ထသွား
တာလဲ ဒက်ဒီရဲ့ "ဟော နိုးတာနဲ့ ရစ်ပြီ ဒီငရစ်ကလေးက
စတီးလင်ဗန်းကို စားပွဲထက်တင်ပြီး ကုတင်စွန်းတွင် ဝင်ထိုင်လိုက်တာနဲ့ ရင်ခွင်ထဲခေါင်းခွေ့လာတဲ့
သားကို ကမ္ဘာ အပြုံးဖြင့်ပဲ ထွေးဖက်ထားမိရင်း" သားလေး...ခေါင်းကိုက်နေပြီ မဟုတ်လား "
" အင်း...အရမ်းကိုက်တယ် ဒက်ဒီ "
" မျက်နှာသစ်ပြီး...ပျားရည်လေးသောက်လိုက် !
လာ ဒက်ဒီ မျက်နှာသစ်ပေးမယ် "" ရေပါချိုးပေး ...ဒက်ဒီ "
" ချိုးပေးမှာပေါ့ ဗျာ "
ဒီနေ့အဖို့ ကုမ္ပဏီမသွားနိုင်မှာသိလို့ အာကာ့ကို ဖုန်းဆက်ပြီး လိုအပ်တာညွှန်ကြားမိတာ တော်သေးတာပေါ့
ဒီငရစ်လေးက ရစ်တော့မှာ အသေအချာပဲမဟုတ်လား
" အိပ်ချင်နေသေးလို့လား "
အဝတ်အစားလဲပေးနေတာကို ကမ္ဘာ့ရင်ဘတ်ကိုမှီပြီး ငြိမ်နေတာမို့ မေးမိတော့
" ဒက်ဒီ...သားကို ဟိုဂုဏ်ရှိန်ပြင်းရှက ရိုက်တယ် "
" ဟမ် "
" သားကို ရိုက်တယ်...အဲ့လူဆိုးကောင်က "
" ဂုဏ့်ကို အဲ့လိုမပြောရဘူးလေ သား !
ငရဲကြီးမယ်လေ ဘယ်လိုတွေဆိုးသွမ်းနေတာလဲ"" ဟင့် ... ဘုန်း "
" ဟာ "
ကျစ် ပြောမိပြန်ပြီကွာ
အိပ်ယာပေါ် ပစ်လှဲချပြီး ခေါင်းမြီးခြုံသွားမှ အပြောမှားမှန်း သိပြီး သက်ပြင်းသာချမိတော့တယ်
" သားလေး...ဒက်ဒီကဆူတာမဟုတ်ပါဘူးကွာ !
ဒက်ဒီသားလေးကို သူများကရိုင်းတယ်ပြောမှာ
မလိုချင်လို့လေ ကွာ ! ထ ထ မနက်စာစားရအောင်
သားကိုစောင့်နေတာ ဒက်ဒီ ဘာမှမစားရသေးဘူး
ဗိုက်တောင် အောင့်နေပြီ "
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...