💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--22}
************💘************" ရစ်ဖွဲ့ကောင်းကင် "
" ဗျာ...ဒက်ဒီ "
ထူးသံက လူကို အရည်ဖျော်တော့မယ့် အသံနဲ့
ဂုဏ် ပြောလို့ အကြောင်းစုံသိနှင့်ပြီးတဲ့ ကမ္ဘာ့မှာ ကြားကြားချင်း ဘယ်လောက် စိုးရိမ်ခဲ့ရလဲ
ဒီငဆိုးလေးက မသိဘူး
" လာဦး "
" ဟုတ် "
အိမ်ထဲဝင်ဝင်ချင်း ထိုသို့ အခေါ်ခံရပြီး ဒက်ဒီမျက်နှာ တည်နေကတည်းက ရစ် ဘာလုပ်ထားလဲ
သိနှင့်ပြီးသည့် အနေအထားမို့ဒက်ဒီနှင့် မျက်နှာချင်းဆိုင်ဆိုဖာမှာ ဝင်ထိုင်ရင်း
" ဒက်ဒီ ဘာပြော မလို့လဲ ... သားဗိုက်ဆာနေပြီ "
" ကိုယ့်အပြစ် ကိုယ်သိလား ရစ်လေး "
" ဘာ အပြစ်လဲ "
" ဘာ...!!!
ရဲစခန်း ရောက်သွားတဲ့ ကိစ္စလေး ရှင်းပါဦး "" အာ အဲ့ဒါလား...မတော်တဆဖြစ်တာလေ !
ဘာလို့လဲ ဒက်ဒီ "ကြည့် ကြည့် ဘာအပြစ်မှမရှိတဲ့ပုံလေးနဲ့ လုပ်ပြ
နေတာ" အဲ့ဒါဆို...ဒက်ဒီဆီ ဖုန်းဆက်လေ "
" ဒက်ဒီမှ မအားတာကို "
" ဒက်ဒီမအားလဲ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လာလို့
ရတယ် သား !
ဂုဏ်က လူနာတွေနဲ့လေ သား နားမလည်ဘူးလား"" ဒက်ဒီ "
" သား...ဒက်ဒီက ... "
" သားကို မအော်ပါနဲ့..."
" သား..."
ဂုဏ့်ကို အားနာမိသလို သားကိုလည်း တစ်စုံတစ်ခု
ဖြစ်မှာ စိုးရိမ်ရတာ ကမ္ဘာကိုယ်တိုင်ပဲသိတယ်ဒီကလေး ဂုဏ့်ကို တမင်ရစ်နေတာကို သဘောပေါက်ပေမယ့် မတော်တဆ တစ်ခုခုဖြစ်
မှာ စိတ်ပူရလို့ ဆူမိကာမှလေသံလေးနည်းနည်းမာမိတာနဲ့ ငဆိုးလေးက စိတ်ဆိုးတော်မူသွားပြီ
" အင့်ဟာ အင့်ဟာ သွား သွား အီး ဟီး ဟီး !
ဒက်ဒီ သားကို အော်တယ် မချစ်တော့ဘူး !
မချစ်တော့ဘူး အင့် အင့် ကဲဟာ ကဲဟာ "
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...