💘ရင်ကိုခွင်တဲ့သူ့အချစ်မြှား💘{Part--28}
************💘************" မေမေ...ဆန်ပြုတ်ကရပြီလား "
မျက်နှာမကောင်းဘဲ လာမေးနေသည့် သားကို ဒေါ်နန်းပုလဲချို ငဲ့ကြည့်ရင်း
" ရပြီ...သား ! မေမေ ခုပဲ သွားပေးတော့မလို့ "
" ဟို...မေမေ "
" ပြောလေ...သား "
" စိုင်းလည်း လိုက်မယ် "
" ဟင်...သားပဲ မတွေ့ချင်သေးဘူးဆို "
" အဲ့ဒါက...ခု တွေ့ချင်သွားလို့ "
ခေါင်းလေးငုံ့လျက် ပြောနေသည့် သားကို ကြည့်ပြီး ရယ်လည်းရယ်ချင် သနားလည်းသနားမိပါရဲ့
နေနိုင်တာလည်း မဟုတ်ဘဲ စူကောက်ချင်နေသည့်
ကလေးပဲ" အဲ့ဒါဆိုလည်း...လာ ! မေမေ နဲ့ ကပ်လိုက်ခဲ့ "
" မေမေနော် "
" လာပါ...လာပါ ! ဆန်ပြုတ်သောက်ပြီး ပြန်အန်
ထွက်တယ်ပြောတယ် ! ဒါလေးဆို သူအဆင်ပြေ
မှာပါ "ဟင်
မေမေ့ဆီက ထိုစကားကြားတော့ စိုင်း ရင်ထဲပိုလို့
ပူပန်သွားမိလျက်ခုနက ကိုကြီးဖုန်းဆက်တာ ထို စကားမပြောခဲ့
မေမေ့ကိုတော့ လှမ်းပြောတယ်ထင်ပါရဲ့
ဟားးးးး ဦးရာ စိူင်းကို တကယ်မနေနိုင်အောင်လုပ်
တာပဲ ခင်ဗျားကြီးကမေမေ့နောက်မှနေပဲ အသာ ကပ်လိုက်ရင်း အဖြူရောင်စံအိမ်၏ အရှင်သခင် အခန်းဆီရောက်တော့
" ကမ္ဘာရေ...အိပ်ပျော်နေသလား "
ဘေးတစောင်းလှဲအိပ်နေရာမှ အသံကြောင့် လှည့်ကြည့်မိရင်း
" ဟင်...မမချို ဘာလို့ "
မေးမယ့်စကားက မမချိုအနောက်မှ အရိပ်လေးကြောင့် တိတ်ကျသွားလျက်
ဂုဏ်ကတော့ ကလေးကို အသာလက်ဆွဲလို့ အခန်းပြင်ခေါ်ထုတ်သွားလိုက်သလို
ဒေါ်နန်းပုလဲချိုကလည်း အချိန်မဆိုင်းဘဲ ပြန်ဖို့ သတိချပ်နေမိတော့တယ်
" မသက်သာဘူးလား...ကမ္ဘာ ! ဒီမှာ နင်ကြိုက်တဲ့
ငါး ဆန်ပြုတ် လုပ်လာတယ် ! သေချာဝင်အောင်
သောက်နော် "
YOU ARE READING
💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘
Romanceအချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလုံးသားသခင်ဖြစ်တယ် ( ဂုဏ်ရှိန်ပြင်းရှ ) အချစ်ကို အနက်အဓိပ္ပာယ်အများကြီးတော့ မဖွင့်ဆိုတတ်ပါဘူး ကျွန်တေ...