အပိုင်း-၃(ယူနီကုဒ်)

271 5 0
                                    

‌"နွေး, သားက ဒီနေ့ချက်ချင်းကြီး မန္တလေး ဆင်းမလို့လား?"

အမေဖြစ်သူ ကလျာဏီက မနက်စာ လုပ်နေရင်း နွေးကို မေးလေသည်။နွေးကတော့ မေမေ့ကို ကူညီစရာရှိတာ ကူညီ၏။ရေချိုးထားခါစမို့ စိုခြောက်ခြောက် ဆံပင်က နွေးကို အနှောက်အယှက် မဖြစ်စေသည်မှာ အမှန်ပင်။

"ဟုတ်တယ်ဗျ မေမေ.."

နွေးက ပေါင်မုန့်ကို မီးကင်ရန် ထည့်၍ ဖြေလိုက်၏။

"မေမေကတော့ နောက်ထပ် ရက်နည်းနည်းလောက် နေစေချင်သေးတယ်!"

"မေမေလည်း သိသားဘဲဗျာ, သားက သူငယ်ချင်းတွေနဲ့ ခရီးထွက်မလို့ပါ"

အမှန်တော့ နွေး ခရီးသွားမည် မဟုတ်တာ,
ဒေါ်ကလျာဏီ သိသည်။‌ ဒေါ်ကလျာဏီ၏ အသိဖြစ်တဲ့ မန္တလာဆေးရုံက ဆရာမတစ်ယောက်က သားက အလုပ်သင်အနေနဲ့ ဆေးရုံကို လာလျှောက်တယ်ဟု ပြောသေးသည်။အလုပ်သင် အချိန်မတန်သေးဟု
ပြောသော်‌လည်း နောက်ကနေ လိုက်ကူညီခွင့်
ရလည်း အဆင်ပြေပါတယ်လို့ ပြောသည်တဲ့လေ။သူကိုယ်တိုင် ရွေးချယ်သည်မို့ ဒေါ်ကလျာဏီက မသိချင်သာ ဟန်ဆောင်လိုက်သည်။ သားက ဆရာဝန်ကောင်း တစ်ယောက် ဖြစ်ဖို့ အလားအလာ ရှိသည်မို့ ဒေါ်ကလျာဏီမှာ စိတ်သက်သာရပါသည်။

"ကိုယ်က ကျောင်းသွားတတ်တာ အရမ်းလည်း အပျော်မက်မနေနဲ့ဦး!"

"စိတ်ချပါ, မေမေ သား ဒီအလုပ် လုပ်ရတာကို သဘောကျနေပါပြီဗျာ "

ဒီလို ကြားရတာ မိခင်တစ်ယောက်အနေနဲ့ ဒေါ်ကလျာဏီ ဂုဏ်ယူမိသည်။သူ(မ) နွေးကို အပြည့်အဝ ယုံကြည်ပါ၏, နွေးက အစကတည်းက သူငယ်ချင်း အပေါင်းအသင်း မက်တဲ့သူလည်း မဟုတ်‌သလို အသောက် အစားလည်း ကင်းရှင်း၏။တစ်ခါတစ်လေတော့ သူ(မ) သားကို အပေါင်းအသင်း ရှိစေချင်ပါသည်။ဒီလိုမျိုး အပေါင်းအသင်း မရှိဘဲ ဆက်တိုက်သွားရင် လူကြားထဲမှာ မိတ်မရှိ ဆွေမရှိဆိုတာမျိုး အပြောခံရမှာကိုလည်း မလိုလားပေ။

"ဟုတ်ပါပြီ, ရောက်သွားရင် ကျန်းမာရေးလည်း ဂရုစိုက်ဦး!"

"ဟုတ်ကဲ့ပါဗျာ.."

နွေးက ချစ်စရာကောင်းသော လေသံဖြင့် ဆွဲပြီး ပြောတော့ ကလျာဏီလည်း ပြုံးမိ၏။

နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]Where stories live. Discover now