ထိုနေ့က ရောင်နီမိုးတိမ် ဦးဏီဆီ သွားခဲ့တဲ့နေ့, ဦးဏီဆိုတဲ့သူက မေမေ့ဆီက လက်ဝတ်ရတနာများ ဝယ်ထားသည်မို့ သွားပို့ပေးခဲ့သည်။ကိုယ်တိုင်က စုံထောက်တစ်ယောက် လုပ်နေသည်မို့ ရောက်တုန်းဆိုတုန်း လမ်းကြုံဝင်ပေးလိုက်ရသည်။ကိုယ်က လူသိမခံတဲ့ စုံထောက်တစ်ယောက်မို့ လူနေအိမ်တွင် လူများလျှင်လည်း ကိုယ်တိုင် မသွားပါ။စုံစမ်းရသလောက် အဘိုးကြီးက တစ်ယောက် တည်း နေတယ်, တစ်ခါတစ်လေ ကောင်လေးတစ်ယောက် လာတတ်တယ်လို့ စုံစမ်းရထား၏။မိုးတိမ်က အဘိုးကြီးအိမ်ကို ရောက်လာတော့ အိမ်ထဲက လူ၃ယောက် ထွက်လာသည်။ထွက်လာတဲ့လူထဲက ကောင်လေးငယ်ငယ်လေး တစ်ယောက်က မိုးတိမ်ကို စိုက်ကြည့်နေသည်မို့ ခပ်သွက်သွက် ဧည့်ခန်းဘက်သို့ သွားလိုက်ရ၏။မက်စ်နဲ့ ဦးထုပ်ကြောင့် မိုးတိမ်လည်း ကောင်လေးရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ခဲ့ရ။ဧည့်ခန်းထဲ ရောက်မှ နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံကို လှမ်းကြည့်လိုက်သည်။ခုဏက ကောင်လေးက သူဖြစ်မည်, ဆရာဝန်မျိုးရိုးတွေပါလား။
"အဲ့ဒါက အဘိုးရဲ့ မြေး,လေပြေနွေး!"
ကောင်လေးက ဓာတ်ပုံကို အသေအချာ ကြည့်နေပုံရလို့ ဦးဏီက ပြောလိုက်သည်။
ပြီးမှ ကောင်လေးက လာရင်းအကြောင်းကို
ဆက်ပြော၏။ပစ္စည်းကို ဂျာကင် အတွင်းဘက်အိတ်ထဲက ထုတ်ပြီး စားပွဲပေါ် ချပေး၏။"ခင်ဗျားရဲ့ ပစ္စည်း!"
"မင်း မက်စ်နဲ့ ဦးထုပ်ကို ချွတ်ထားလို့ ရပါတယ်"
"ငွေချေပြီးသား ပစ္စည်းဆိုတော့ မေမေ့အစား ကျွန်တော်ပစ္စည်း လာပို့ပေးတာပါ, ခွင့်ပြုပါဦး"
"မင်း မေမေက ဆုံးသွားပြီ မဟုတ်လား?"
မိုးတိမ်က နောက်လှည့်အထွက်မှာ အဘိုးကြီးဆီက ထွက်လာတဲ့ စကားကြောင့် အံကို ကြိတ်ပြီး လက်သီးကိုလည်း ကျပ်ကျပ်စုပ်ထားမိသည်။မေမေဆုံးတာ ၁၀ရက် ရှိသွားခဲ့ပြီ, မေမေက ထားသွားပေမဲ့ အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် မဖြေသိမ့်နိုင်သေးခဲ့။အဘိုးကြီးကို ဘာတစ်ခုမှ ပြန်မပြောဘဲ ထိုနေရာကနေ အမြန်ထွက်ဖို့သာ ကြိုးစားခဲ့မိသည်။မေမေ့အကြောင်း ထပ်ပြောရင် သည်းခံနိုင်မည် မဟုတ်တော့ပေ။မေမေ ဆုံးသွားလို့ စိတ်မကောင်းပါဘူး , သား အဆင်ပြေရဲ့လား , ဒီလို ဟန်ပန်စကားတွေက မိုးတိမ်အတွက် နူးညံ့တဲ့ အဆိပ်အတောက်တစ်ခုလိုဘဲ, ရွံစရာကောင်းလွန်းလို့ ကြားလည်း မကြားချင်ပေ။
ČTEŠ
နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]
Romanceနွေးကလေ မောင့် နှလုံးသားကို နွေးစေခဲ့တဲ့ လေပြေလေးပါ.. _ရောင်နီမိုးတိမ် နွေးနေဆဲပါ မောင့်လေပြေ" စာရေးသူ-မယ်ရာ All Rights Re-served!