အပိုင်း-၈ (ဇော်ဂျီ)

46 2 0
                                    

ကလောထိ ရောက်သွားမည့် ဒီခရီးစဉ်က အလင်းရောင်ရဲ့ ရယ်သံတွေနဲ့ ပြည့်နှက်နေတာ။ အာကာက အလင်းရောင် ငြိမ်သွားပြီဆိုရင် သွားသွားစလိုက်ရမှ ကျေနပ်သည်, လင်းက ပြန်စတော့ သူ့မှာ စိတ်ဆိုးစိတ်ကောက် ရတာနဲ့ကို မပြီးခဲ့။ လမ်းတစ်လျှောက်လုံး သူနွေးအ‌ကြောင်းကိုတောင် မတွေးမိခဲ့, ဒီလိုလည်း ရတာပါလား ..ဟူသော အတွေးဖြင့်။

"လင်း!"

"ဘာလဲ...?"

"ကလေးတွေကို ကူညီပေးပါဦး!"

"မင်း ရှိနေတာဘဲ မဟုတ်လား?"

"ကူညီပေးပါဟာ...တစ်ယောက်တည်း မနိုင်ဘူးလေဟာ ...!"

"ဗျာ? ဗျာ လို့ ထည့်ပြော!"

"ကူညီ.. ပေး.. ပါဗျာ!"

"အိုခေ ..!"

အခုရောက်နေတာက ကလောမြို့မှာ , Tant တွေ ထိုးဖို့ အခက်အခဲရှိနေတာကြောင့် အဖွဲ့ခွဲပြီး လုပ်နေရ၏။ ဂျူနီယာလေးတွေလည်း ပါတာကြောင့် အာကာ့မှာ ပိုတာဝန်ကြီးနေသည်
ဖြစ်သည်။

"မင်း ဘယ်သူနဲ့ နေမှာလဲ?"

"တစ်ယောက်တည်း..!"

အာကာ မေးလိုက်တိုင်း ပြန်ဖြေတဲ့ပုံစံက ဘုကလန့်ဖြင့် ရန်တွေ့နေသည်။ နောက်ဆုံး Tant ကို ထိုးပြီးတော့ လင်းအတွက် ရေတစ်ဗူး ပေးလိုက်သည်။

"မင်းက ငါနဲ့ နေချင်တာလား?"

လင်းက စနောက်ချင်သည်မို့သာ မေးလိုက်ပေမဲ့ ခပ်ချေချေ မျက်နှာက လန့်စရာအတိ။

"ဘယ်သူက မင်းနဲ့ နေချင်လို့လဲ?"

"မင်းလေ ..!"

"မနေချင်ဘူး !"

"ဒါဆို ဘာလို့ မေးတာလဲ ?"

"သိချင်လို့ ..!"

"ဪ ...ငါက ဟိုတန့်မှာ .. နံပါတ် ၈လေ! အဲ့မှာ ရွှေ့ထားတယ်.. ငါ့ပစ္စည်းတွေ .. !"

နံပါတ် ၈က အာကာရဲ့ တန့် ဖြစ်သည် , ပေစောင်းစောင်းကြည့်တော့ အနားကို ကပ်တိုးလေး ရောက်လာကာ အသံတိုးတိုးဖြင့် ထပ်ပြော၏။

"ငါ ညကျရင် ကာတွန်းကားကြည့်တတ်လို့ အခြားသူနဲ့ဆိုရင် အဆင်မပြေဘူး .. ဟုတ်တယ်မလား?"

နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]Where stories live. Discover now