ဇော်ထက်အတွက် ညီလေးမိုးတိမ်က ကျေးဇူးရှင်လိုဘဲ , မိုးကုတ်မှာ မေမေဆေးရုံတက်တဲ့ အချိန်က ဇော်ထက်မှာ ငွေမရှိခဲ့ဘူး။
မိုးတိမ်က "အကို , စိတ်ချပါ ...ကျွန်တော် ရှိသေးတယ် " ဆိုပြီး အစားအသောက် , ဆေးဖိုးတွေကအစ အကုန်ဂရုစိုက်ပေးခဲ့တာ။ ဦးသီဟက မိုးတိမ်နဲ့ ပြဿနာတွေ ရှိခဲ့တာကို သိခဲ့ရင် ဇော်ထက် ရှေ့နေကြီးဆီမှာ အလုပ်ဝင်လုပ်ခဲ့မှာ မဟုတ်ဘူး။ အခုက ပြန်လမ်းမရှိတဲ့ ဂူထဲကို ဝင်လိုက်သလို , ပြန်ထွက်ဖို့ နည်းလမ်းကလည်း တစ်နည်းဘဲ ရှိတာ။ မိုးတိမ်ကို ကူညီပေးရင် သူက ကယ်လိမ့်မယ် , ရှေ့နေကြီးကို ရွေးရင် "သစ္စာရှိတဲ့ ခွေးတစ်ကောင် သခင်က အသုံးချပြီးရင် အဆုံးသတ်ခံရမှာဘဲ" တဲ့။ မိုးတိမ်ကို ကူညီပေးတာ ရှေ့နေကြီး သိသွားရင် ဇော်ထက်အတွက်လည်း မလွယ်လှပေ။ မိုးတိမ်ရဲ့ အစီအစဉ်အတိုင်း ဆိုလျှင် ဦးသီဟရဲ့ တစ်နေ့တာကို သတင်းပေးရုံဘဲ။"Deal !"
"ဒါမှ အကိုပီသတာပေါ့!"
ဇော်ထက် ပြန်တွေးကြည့်ရင်း ခေါင်းပါ ကိုက်လာ၏။ ဒါပေမဲ့ ဘာဘဲလုပ်လုပ် မသိသာဖို့, ဦးသီဟရဲ့ အားနည်းချက်ကို ရှာတွေ့ရင် ကိစ္စတွေ အကုန် ပြီးသွားမှာပါ။
နောက်လတွေ ကြာပြီး မနက်တစ်ခုမှာ ဇော်ထက် ဦးသီဟရုံးခန်းထဲကို မဝင်ခင် မီးမိန်းခလုတ်ကို အရင်ချလိုက်၏။ မီးသီးအသစ်လဲပေးဖို့ အကြောင်းပြချက် ရလိုက်သည်ပင်။ သိပ်မကြာခင်က ဉီးသီဟ တစ်ခုခုလျှို့ဝှက်ထားတာကို ဇော်ထက် တွေ့လိုက်တာဘဲ။
မြန်မြန်ဝင်ရှာရင်း အံဇွဲတစ်ခုကို ဆွဲဖွင့်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့။ သော့တွေအများစုက ဦးသီဟ ကိုယ်တိုင်ထားသည်မို့ အခက်တွေ့ပြန်၏။ နောက်ဆုံးတစ်ခုကို ဆက်ဖွင့်ကြည့်တော့ ဓာတ်ပုံတစ်ခုကို ရှာတွေ့၏။ ထိုပုံက တက္ကသိုလ်တစ်ခုတွင် ဦးသီဟအပါအဝင် သူငယ်ချင်းများ ပုံစုရိုက်ထားသည် ဖြစ်မည်။အားလုံးကို ဇော်ထက်ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီး အစီအစဉ်တကျ ပြန်ထားလိုက်သည်။ သိပ်မကြာခင် , ဦးသီဟ ရောက်လာ၏။
"ဇော်ထက် ?"
"ဗျာ, ရှေ့နေကြီး!"
"ဘာလုပ်နေတာလဲ?"
VOCÊ ESTÁ LENDO
နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]
Romanceနွေးကလေ မောင့် နှလုံးသားကို နွေးစေခဲ့တဲ့ လေပြေလေးပါ.. _ရောင်နီမိုးတိမ် နွေးနေဆဲပါ မောင့်လေပြေ" စာရေးသူ-မယ်ရာ All Rights Re-served!