နွေးနေဆဲပါ မောင့်လေပြေ"

143 5 0
                                    

ပြာလဲ့လဲ့ ကောင်းကင် ရောင်ခြည်နွေးနွေး
မိုးသားတိမ်ယံ ဖြူဖွေးဖွေးဖြင့်
တိုက်ခတ်လေပြေ ထွေရာမနော။

မြေမခမိုး ဆောင်းဦးအကြို
ကင်းလွှတ်ဝါလ မီးရောင်စုံည
စန္ဒာလမင်း ထိန်ထိန်မလင်းခဲ့။

တောတောင်ဒေသ မီးပုံပတ်လည်
အပြုံးဝေဆာ ဆုံရာသူငယ်ချင်း
ခါးသက်သက် အရသာ လီရှောမို့ပင်။

ညည့်နက်ချိန်လည်း မဝေကာမူ
လက်တေးသံသာ ဒူးဝေဝေ တစ်ဖန်
ပင်ပန်းသော်ငြား တစ်ခါမို့သာ။

ရွှေ့လျားလက်တံ ရှာပါဦးမည်
အချစ်ဦးမို့ အချစ်ဆုံးဖြစ်သည်။

နွေးနေဆဲပါ မောင့်လေပြေ"
စာရေးသူ-မယ်ရာ

-------
စက်တင်ဘာလ,၁၇,၂၀၂၃

နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]Where stories live. Discover now