အပိုင်း -၁၃(ယူနီကုဒ်)

39 0 0
                                    

"မိုးတိမ်....!"

"ဟင် .."

သျှမ်းက မိုးတိမ်ရှိရာ ခြံဝန်း‌နောက်ဖေးကို ရောက်လာ၍ မိုးတိမ်ဘေးတွင် ဝင်ထိုင်၏။
မိုးတိမ်ဘေးက စီးကရက်ဘူးထဲမှ တစ်လိပ်ထုတ်ယူ၍ မီးညှိလိုက်၏။

"ဆရာဝန်မောင်က ဆေးလိပ်သောက်ခွင့်ပြုလို့လား?"

"ဆရာဝန် ဖြစ်နေလို့ဘဲလေ ၊ တစ်ခုခုဖြစ်ရင် ကုလိမ့်မယ်...မဟုတ်လို့လား!?"

"ကလေးကို စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့ !"

"မင်း နွေးကို စိတ်ဆိုးသွားတာလား?"

"ဟင်အင့် ၊ နွေးက ချစ်စရာကောင်းတဲ့သူပါ ငါ တန်ဖိုးထားတဲ့သူတွေက ဘာလို့ ရန်သူ ၁ ယောက်လို ပြောဆိုဆက်ဆံကြတာလဲ နားမလည်နိုင်ဘူး "

"နွေးလည်း စိတ်မကောင်းဖြစ်သွားမှာ ၊ ဒါပေ မဲ့ သူဂရုမစိုက်နိုင်ဘူး သူအာရုံစိုက်နိုင်တဲ့သူ တစ်ယောက်ဘဲရှိနေလို့လေ !"

"ဘယ်လိုဘဲဖြစ်ဖြစ် နွေးက ဒီအိမ်မှာရှိနေသရွှေ့ ဒီအိမ်ကလူနဲ့ သက်ဆိုင်တယ်လေ"

သျှမ်းက စီးကရက်ကို ရှိုက်ဖွာရင်း ခေါင်း ဆတ်ပြ၏။ ပြီးမှ မီးငြိမ်းလိုက်ကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်၏။

"သွားရအောင် ၊ ညစာစားဖို့ စောင့်နေကြလိမ့်မယ် "

မိုးတိမ် စီးကရက်မီးသတ်လိုက်ကာ အထဲကို ပြန်ဝင်ခဲ့၍ မီးဖိုချောင်ဘက်သို့ လှည့်လာ၏။

"ထမင်းစားရအောင် ...!"

သျှမ်းက တက်ကြွစွာ ပြော‌တော့ တစ်ဖက်က သူ့မောင်မှာတော့ တုန့်ပြန်မှုမရှိ။နွေးက အရိပ်အကဲကို ကြည့်၍ ကြီးမေနဲ့ Alex ကတော့ မသိပေမဲ့ သူတော့ကောင်းကောင်း သိနေပြီဖြစ် သည်။

"အစ်ကိုသျှမ်း ဆေးလိပ် ထပ်သောက်ပြန်ပြီလား ?"

"မောင် !!"

နွေးကမေးတော့မှ သျှမ်း နားလည်တော့၏။
မောင်က သူဆေးလိပ်သောက်တာကို မြင်သွားတာဖြစ်မည်။

စားပွဲတွင် ဝင်ထိုင်ကာ ထမင်းစားနေပြီမို့
သျှမ်းလည်း ဘာမှမဆိုဘဲ ထမင်းထိုင်စားတော့သည်။ စားပြီးသွား‌တော့ ဟန်သာက ပန်းကန်ဆေးရင်း နွေးက ဘေးမှ အဝတ်စဖြင့် သုတ်ပေးရင်း သိမ်းကူ၏။

နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]Where stories live. Discover now