အပိုင်း - ၁၅ (ယူနီကုဒ်)

33 3 0
                                    

သျှမ်းတို့အိမ်တွင် နွေးကိုစောင့်နေရင်း ဦးငယ်နဲ့ လက်ဖက်ရည်ကြမ်း သောက်နေတုန်း မိုးတိမ်ဖုန်းထဲကို နံပါတ်စိမ်းဖြင့် ဖုန်းဝင်လာသည်မို့ အပြင်ကို ခဏရှောင်ထွက်ခဲ့သည်။

"ဟယ်လို ညီလေးမိုးတိမ် ?"

အစ်ကိုဇော်ထက်၏ အသံဖြစ်ပြီး အစ်ကို့အ သံသည် တုန်ယင်နေခဲ့သည်။

"ဦးသီဟ လူတွေ မင်းကိုလိုက်ရှာနေတယ်"

"စိတ်အေးအေးထားပါ ၊ ကျွန်တော်ရှိနေသရွှေ့ အစ်ကိုလည်း ဘာမှမဖြစ်စေရဘူး"

"အေးပါ ၊မင်းလည်း အခုမှပြန်ရောက်ထားတာဆိုတော့ ငါ မင်းကို စိတ်ပူလို့ပါကွာ "

"ကျွန်တော် အဆင်‌ပြေနေတာမလို့ အရေးမကြီးရင် စာဘဲ ပို့ထားလိုက်ပါခင်ဗျ"

"ကောင်းပြီ ဂရုစိုက်.."

ဖုန်းချလိုက်ကာ အိမ်ထဲပြန်ဝင်ဖို့ နောက်လှည့်တော့ သူ့ကို လက်ပိုက်ရပ်ကြည့်နေတဲ့ ရမ်းကုဆရာဝန်လေး ဖြစ်၏။ ဘာမှမပြောဘဲ အိမ်ထဲကို တန်းဝင်သွားသည်ကြောင့် မိုးတိမ်မှာ နောက်က အမှီလိုက်ရတော့သည်။

"ဒေါက်တာ အလုပ်ပြီးပြီလားခင်ဗျ ?"

နွေးက ရေခွက်တစ်ခွက်ကို ယူတော့ မိုးတိမ် ကြားဖြတ်ယူ၍ ခွက်ထဲရေငှဲ့ကာ နွေးကို ပေး ၏။‌ဖန်ခွက်ထဲကရေကို တစ်ကျိုက်တည်း မော့သောက်၏။

"အရမ်း ပင်ပန်းနေပြီလား ?"

နွေးက သူ့ကို တစ်ချက်သာလှည့်ကြည့်၍ တစ်ဖက်ကို ပြန်လှည့်သွားသည်။

"ဒေါက်တာလေပြေနွေး ၊ ကိုယ့်ကို စိတ်ဆိုးနေတာလား ?"

မိုးတိမ်က နွေးရဲ့နဖူးပေါ်မှာ တစ်စတစ်စ ကျနေတဲ့ ဆံနွယ်လေးတွေကို ဘေးသို့ သပ်ပေးရင်း မေး၏။

"ခင်ဗျား စုံထောက်ပြန်လုပ်နေတာလား?"

"ဟင်အင့် ၊ ကိုယ် မလုပ်ဘူး "

နွေးက သူ့ကို ခဏမျှ ငြိမ်သက်စွာကြည့်၏။
ရေအနည်းငယ် ကျန်သေးသည့်ဖန်ခွက်ကို နွေးလက်ထဲက မိုးတိမ်လှမ်းယူတော့ ရှောင် ဖယ်ကာ စားပွဲပေါ်ကိုချသည်။

မိုးတိမ် ထိုရေခွက်ကိုယူ၍ ရေအနည်းငယ်ထပ်ဖြည့်ကာ သောက်လိုက်သည်။ ရေခွက်ကို စားပွဲပေါ်ပြန်ချ၍ နွေးလက်ကို အားအ နည်းငယ်ထည့်ကာ ဆွဲလိုက်တော့ အနားသို့ ပါလာသည်။

နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]Tempat cerita menjadi hidup. Temukan sekarang