အပိုင်း-၅(ယူနီကုဒ်)

171 6 0
                                    

ပထမနှစ် ဆေးတက္ကသိုလ်မှာ မြို့နယ်စုံက ဆေးကျောင်းတက်မဲ့ ကျောင်းသား/ကျောင်းသူတွေ ကုဒ်အဖြူနှင့် ကြွားကြွားဝါးဝါး ကျောင်းပရ၀ဏ်အတွင်းမှာ ခြေချင်းလိမ်လို့။ အချို့က ဂျူတီကုဒ် ဝတ်ရတာ သဘောကျလို့ ဆိုသော်လည်း အချို့က မိဘက ဖိအားပေးလို့တစ်မူ အချို့ကျတော့လည်း ဆရာဝန်ဖြစ်ချင်လို့ , အကြောင်းပြချက်များစွာ ကိုယ်စီရှိကြပါတယ် ။ နွေးက ဂျူတီကုဒ်တွေ ဘာတွေ စိတ်မဝင်စား , သူငယ်ချင်းတွေ လိုက်ဖွဲ့ရန်လည်း စိတ်မဝင်စား။ သူ့ပုံစံနဲ့ သူ အေးအေး ဆေးဆေးနေချင်တာ , စာသင်ရင်‌တော့  အသေအချာ လိုက်လုပ်တယ်။

ကိုကြီးသက်လျာ ပြောသလိုဘဲ ..ဆရာဝန်တစ်ယောက် ဖြစ်ဖို့ ရောက်လာတာ အချိန်တွေ ပေးပြီး အလကားလူ လုပ်လို့မရဘူး, ၇နှစ်ဆိုတဲ့ အချိန်က ပြန်နောက်ဆုတ်ပြီး ပြင်လို့ မရနိုင်ဘူး ။ အခြားသူတွေ တိတိကျကျ အလုပ်လုပ်တဲ့ အချိန်မှာ ကိုယ့်မှာလည်း တိကျပြတ်သားတဲ့ ကိုယ်ပိုင်အလုပ်တစ်ခု‌ ရှိနေဖို့လိုတယ်။ ကိုယ့်မှာ တိကျပြတ်သားတဲ့ စိတ်ထား တစ်ခုတော့ ရှိဖို့လိုတယ်။ ထပ်ပြီး  နွေး ဘယ်အရာကိုဘဲ လုပ်လုပ် မိဘတွေကို စိတ်ပျက်ရအောင် , စိတ်ညစ်ရအောင် မလုပ်ရဘူး ။ နွေးကို မိဘတွေက ကောင်း‌ကောင်း နေထိုင်နိုင်တဲ့ ဘဝပေးထားတာ , လမ်းပေါ်က အခြားဘဝတွေထက်စာရင် အများကြီး သက်သာပြီး အဆင်ပြေနေလို့ နွေးမိဘတွေကို စိတ်ညစ်ရအောင် မလုပ်ပါနဲ့တဲ့ ။ဒါပေမဲ့ သူ တစ်ခါတော့ လုပ်ပြီးသွားပြီ , ကိုကြီးပြောသလို ထပ်ပြီး မလုပ်မိ‌အောင် နေရမှာပေါ့....
ဒီဒုတိယနှစ်ဝက် စာမေးပွဲပြီးရင်တော့ ရန်ကုန်ကို ပြန်ရမယ် , ဘယ်လောက်ဘဲ နေနိုင်တယ်ပြောပြော အိမ်ကိုတော့ လွမ်းရသားဘဲ။

"ခမ်း, ခမ်း !"

"ဟင် , ဘာလဲ?"

"နင့်ကို ဟို ‌ရေခဲတုံးကြည့်နေတယ် !"

"နင်တို့ကလည်း .. မစကြပါနဲ့!"

"ဘာလဲ နင်လည်း နွေးကို သဘောကျနေတာ မဟုတ်လို့လား?"

"သူများတွေ ကြားသွား‌ဦးမယ် ..မေရဲ့"

ဆေးတက္ကသိုလ်ရဲ့ ကန်တင်းဝိုင်းမှာ နွမ်းခမ်းစန္ဒာကို ခမ်းသူငယ်ချင်း ၃ ယောက်က နွေးကို မြင်တော့ စနေကြတာ။ ခမ်းလည်း လေပြေနွေးကို သဘောကျ‌နေတာ ကြာပြီ ။ ပထမရက် ကျောင်း စတက်ကတည်းက ခပ်စိမ်းစိမ်းနဲ့ အေး‌စက်စက် လူကို သူ(မ) စိတ်ဝင်စားနေခဲ့တာ။

နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]Tempat cerita menjadi hidup. Temukan sekarang