အပိုင်း-၁(ဇော်ဂျီ)

215 8 0
                                    

ကလျာဏီ အထူးကု ခွဲစိတ်ဆေးရုံက ပုဂ္ဂလိက ဆေးရုံဖြစ်ပြီး ရန်ကုန်မြို့တွင် တည်ရှိသည်။ဦးသက်ဝေက အထူးကု ခွဲစိတ်ဆရာဝန် တစ်ယောက် ဖြစ်ပြီး ကလျာဏီ ဆေးရုံ၏ စီးအီအို တစ်ဖြစ်လည်း တာဝန်ယူထားသည်။ဇနီးဖြစ်သူ ဒေါက်တာ ကလျာဏီကလည်း ခွဲစိတ်ဆရာဝန်မ တစ်ယောက်ဖြစ်သည်။ကလျာဏီဆေးရုံကို ဒေါက်တာ ကလျာဏီ၏ အဖေဖြစ်သူ ဒေါက်တာဏီက တည်ဆောက်ခဲ့ခြင်းပင်။သမီးနှင့်သမက်ဖြစ်သူကို အရမ်းချစ်သော ဦးဏီက အသက်ကြီးလာသည်နှင့်အမျှ သမက်ဖြစ်သူကို အမွေပိုင်များ အားလုံးလွှဲထားပေးသည်။ ဒေါက်တာဦးသက်ဝေ နေ့လည်ချိန် ခဏတာ ဂျူတီနားရန် ရုံးခန်းကို ပြန်လာတော့ သားဖြစ်သူ လေပြေနွေးက အသင့်စောင့်နေ‌သည်။

"နွေး , သား ဘာလို့ ဒီကို ရောက်နေတာလဲ?"

ဦးသက်ဝေ ထိုင်ခုံတွင် ဝင်ထိုင်ရင်း နွေးကို မေးလေသည်။သားက ထွေထွေထူးထူး ဆေးရုံကို ရောက်လာသည်ဆိုတော့ ဦးသက်ဝေ အံ့ဩနေမိသည်။ခါတိုင်းတော့ အမေဖြစ်သူက လိုက်ခဲ့ပါဆိုလျှင်တောင် မကြားချင်ယောင်ဆောင်တတ်သူမို့။

"ဖေဖေ နားပြီလား , သား ပြောစရာလေးရှိလို့ပါ"

"ဖေဖေ, စာရင်းလုပ်စရာတွေ ရှိသေးတယ်!"

ဦးသက်ဝေက ပါဝါမျက်မှန်ကို တပ်ရင်း ကွန်ပြူတာ ဘက်ကို လှည့်ကာ ပြောသည်။

"ဖေဖေ သား တက္ကသိုလ်အတွက် မေဂျာဖောင်ဖြည့်ရမှာမလို့ , ဖေဖေနဲ့ လာတိုင်ပင်တာပါ"

ဦးသက်ဝေ စိတ်ထဲမှာ နွေးရဲ့ စကားကို သဘောမတွေ့ပေ။‌သားကို အများကြီး မျှော်လင့်ထားလို့လည်း ပါမည်။

"မင်းအမှတ် ၅၃၂မှတ် ရတာ မဟုတ်ဘူးလား, ဆေးကျောင်းလျှောက်ရမှာပေါ့!"

ဦးသက်ဝေက နွေးရဲ့ ကျောင်းဆရာဆီကနေရမှတ်ကို ကြားသိထားပြီး ဖြစ်သည်။အခုလို လာမေးသည်ကား သူ ဆေးကျောင်းမတက်ချင်၍ မဟုတ်လား။မိဘတစ်ယောက် အနေဖြင့်သော်လည်းကောင်း, ကလျာဏီဆေးရုံ၏ ပါမောက္ခချုပ်တစ်ဖြစ်လည်းလေပြေနွေးအပေါ် အများကြီး မျှော်လင့်ထားသည်။

ဖေဖေက နွေးဘက်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ပြောသည်။ဖေဖေရဲ့ ပုံစံကိုက ဒီလိုဘဲ, အရင်ကနဲ့ အခု ဘာမှပြောင်းလဲခြင်း အစဉ်မရှိ။ စကား ပြောလျှင် နွေးကို တစ်စက်မှ အာရုံမပေးဘဲ သူလုပ်စရာရှိတာကိုသာ ဆက်လုပ်တတ်၏။

နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]Tempat cerita menjadi hidup. Temukan sekarang