လန်ဒန်မြို့ရဲ့ ဒီဇင်ဘာလ ခပ်အေးအေးရာသီဉတုက ကော်ဖီခါးခါး အပူတစ်ခွက်နဲ့ဆိုရင်
လိုက်ဖက်နေလိမ့်မယ်။ ဝတ်ထားသည့် အညိုရောင်ကုဒ်အရှည်နှင့် ဖက်ရှင်က လန်ဒန်သားနှင့် တူစေပြီလား။နှင်းတွေဖွဲဖွဲ ကျနေတဲ့ညမှာ မပြီးပြတ်သေးတဲ့ အလုပ်တွေကို လုပ်ဖို့ကြိုးစားရင်း အိမ်ပြန်လမ်းတွေ မေ့ထားခဲ့ပါရဲ့။ မှောင်မိုက်တဲ့ည သန်းခေါင်ယံအချိန် အိပ်မက်ဆိုးတွေက နှောက်ယှက်လာရင် တစ်ချိန်က နွေးထွေးစွာ ကိုင်ထားပေးတတ်တဲ့ လက်တစ်စုံကို တမ်းတမိတယ်။ သူရော ဘာတွေများ လုပ်နေလောက်မလဲလို့ တွေးမိတိုင်း
သိမ်းထားမိတဲ့ အမှတ်တရလေးတွေက နွေးထွေးစေတာ အမှန်ပါဘဲ။ စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားခဲ့ပြီးနောက်လည်း ချစ်မိသွားတဲ့သူက ကိုယ်ဘဲဖြစ်နေခဲ့တော့, နှစ်တွေကြာလို့ မေ့သွားမှာပါဆိုတဲ့ အသိစိတ်ကို ရိုက်သွင်းရင် ၉နှစ်ဆိုသည့် အချိန်ကာလတစ်ခုကို ရောက်ခဲ့သည်။ မြန်မာပြည် ပြန်ချင်ပါတယ်ဆိုတဲ့ အဖေရဲ့စိတ်ကို လန်ဒန်မြို့မှာ အခြေချနေထိုင်ဖို့ ဖျောင်းဖြနေမိဆဲပင်။ရှေ့ဆက်သွားရာလမ်းက မှန်နေလားဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် တွေဝေနေမိခဲ့ပြီ။လွန်ခဲ့သော ၉နှစ်အရှေ့က , နွေးရဲ့ တိုက်ခန်းမှာ သူငယ်ချင်းတွေ စုံနေခဲ့သည်။ ရှေ့နေကြီး ဦးသီဟက မှုခင်းတွေနဲ့ မအားလပ်တာကို ဇော်ထက်ဆီကတစ်ဆင့် သိခွင့်ရခဲ့သည်။ နွေးဆီကနေ တိတ်တဆိတ် ထွက်သွားဖို့ မလိုအပ်ခဲ့ပေမဲ့ နွေးအပေါ်ရှိနေတဲ့ စိတ်ကြောင့် တိတ်တဆိတ် ထွက်သွားရန်သာ အခွင့်အရေး ရှာခဲ့သည်။
အချိန်ကောင်းတွင် ရောက်လာပေးခဲ့သော သူငယ်ချင်းတွေအား ကျေးဇူးတင်ရမည်လား,စကားဝိုင်းတွင် ဈာန်ဝင်နေကြသည်မို့ သုံးယောက်လုံး သတိထားမိလောက်မည် မဟုတ်ခဲ့ ။ စုံထောက်လုပ်ခဲ့တဲ့ အတွေ့အကြုံကြောင့် ထိုနေရာမှ ထွက်လာဖို့ မိုးတိမ်အတွက် လွန်စွာမှ လွယ်ကူခဲ့ပါသည်။
ဖုန်းကို ထုတ်၍ သျှမ်းဆီကို စာတစ်စောင် ချန်ခဲ့သေးသည် , ထိုနေရာမှ မန္တလာဆေးရုံတွင် ဇော်ထက်အကူအညီကြောင့်သာ အဖေဖြစ်သူကို လျင်မြန်စွာ ထုတ်ခဲ့သည်။ လေ ယာဉ်လက်မှတ်နှင့် ပစ္စည်းအစုံကို ဇော်ထက်ကသာ အားလုံးစီစဉ်ပေးခဲ့သည်။ ထိုနေ့မှစ၍
မိုးတိမ် မြန်မာပြည်ကို နှုတ်ဆက်ခဲ့သည်မှာ ယခုအချိန်အထိပင်။ နွေးဆီက ယူခဲ့တဲ့ နှုတ်ဆက်အနမ်းသည် ယခုအချိန်ထိ တိုင် အောင်ပင် မေ့မရခဲ့။ ပြုံးလိုက်တိုင်း နှစ်ဝင်သွားသော ပါးချိုင့်ဖြင့်အပြုံးသည်လည်း လွန်စွာမှ နွေးထွေးပြီး ချိုမြိန်းလျက် ရှိနေခဲ့သည်။
YOU ARE READING
နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]
Romanceနွေးကလေ မောင့် နှလုံးသားကို နွေးစေခဲ့တဲ့ လေပြေလေးပါ.. _ရောင်နီမိုးတိမ် နွေးနေဆဲပါ မောင့်လေပြေ" စာရေးသူ-မယ်ရာ All Rights Re-served!