အပိုင်း-၇(ယူနီကုဒ်)

107 7 0
                                    

အာကာ ခရီးသွား ကားပေါ်တက်သွားတဲ့ လူအရေအတွက်ကို စာရင်းစစ်ရင်း နောက်ဆုံးတော့ ပြီးသွားပြီ။ စာရင်းတွေထဲမှာ လူစုံပြီဆိုတော့ ကားဆရာကို ကားစထွက်ဖို့ အချက်ပြလိုက်၏။ ကားဆရာက လမ်းတစ်ဖက်က ‌လက်ဖက်ရည်ဆိုင် ဝိုင်းတစ်ခုမှာ ထိုင်နေရာက ထလာ၏။ အာကာ စိတ်ထဲမှာ အနည်းငယ်တော့ ဝမ်းနည်းနေတာ , သူ လာစေချင်တဲ့သူက လိုက်မလာတော့ အဆင်ပြေသလို ဖြေသိမ့်ရတာပေါ့။ အာကာ ကားပေါ်တက်ရန် လုပ်ချိန် ရုတ်တရက် ဂုတ်နောက်က ကော်လံကနေ တဆင့် အဆွဲခံလိုက်ရ၏။
နောက်ပြန်လှည့်ကြည့်မှ အလင်းရောင် ဖြစ်နေ၏။

"ငါ့ စာရင်းစစ်ပြီးပြီမို့ ကားပေါ်တက်တာလား?"

"မင်းပြောတော့ မင်းအဖေနဲ့ ကုန်သည်လိုက်ရမှာဆို! ဘာလို့ ပြန်လာတာလဲ?"

"ဆိုက်ကိုကောင်ကို တစ်ယောက်တည်း မလွှတ်ချင်လို့!"

"မင်း ငါ့ကို အဲ့လိုဆက်ခေါ်နေမယ်ဆိုရင် မင်း လိုက်လာစရာ မလိုဘူး!"

"တားနိုင်လို့လား! ဟွန့် !?"

အလင်းရောင်က မဲ့ပြုံးပြတော့ အာကာ့ ဒေါသကို ဆွလိုက်သလိုပင်။ ဘယ်လိုလုပ်လုပ် အာကာ သူ့ကိုတားနိုင်မှာ မဟုတ်ဘူးလေ။

"ဘာကြည့်နေတာလဲ , နာမည်မှတ်လေ !"

"မင်း နာမည်က ဘာတဲ့လဲ?"

"မင်းရဲ့ဘေဘီလို့ မှတ်လိုက်လည်း ရတယ် !"

အလင်းရောင်က မျက်စိတစ်ဖက်မှိတ်ပြရင်း ကားပေါ်တက်သွား၏။ သူ ဒီနေ့ ဘာဖြစ်နေတာလဲ အာကာကိုယ်တိုင်တောင် နားမလည်နိုင်တော့ပေ။ မြန်မြန်ဆန်ဆန် ကားပေါ်တက်ပြီး ကားဆရာကို စာရင်းစာရွက်ပေးလိုက်သည်။ တော်သေးတယ် , နောက်ဆုံးခုံမှာ သွားထိုင်လို့ ..ရှေ့မှာ ခုံတွေလွှတ်နေတာတောင် ဘာလို့နောက်မှာ ထိုင်ချင်ရတာလဲပါလိမ့်။ ဘာဘဲဖြစ်ဖြစ် အာကာ့ကို စိတ်အနှောက်အယှက် လာမပေးရင် ရပြီ။

အာကာက အလယ်ခုံနား လွှတ်သည့်နေရာတွင် ဝင်ထိုင်လိုက်၏။ ခရီးသွားရင်း ပြတင်းမှန်ကနေ ရှူခင်းတွေကြည့်ရတာကို အာကာ သဘောကျတယ်။ နွေးဆိုရင်ရော ဘာလုပ်ရတာ သဘောကျလောက်မလဲ, အမြဲစာအုပ် တကားကားနဲ့ဆိုတော့ စာအုပ်များ ထိုင်ဖတ်သွားမလား!တောင်တက်သွားတုန်းက စာအုပ်ကြီး သယ်လာလို့ စီနီယာတွေ စနောက်တာ ခံလိုက်ရသေးတာ။

နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]Tempat cerita menjadi hidup. Temukan sekarang