တတိယနှစ် ကလောက ခရီးအပြန်မှစ၍ အာကာပုံစံက အများကြီး ပြောင်းလဲခဲ့သည်။ စာကို ပို၍ ကြိုးစားလာသည့်အပြင် နွေးကိုလည်း တောင်းပန်ခဲ့သည်။ နောက်ဆုံးနှစ်၏ စာမေးပွဲပြီးတော့ အာကာတစ်ယောက်တည်း အိမ်ကို အစောဆုံးပြန်သွားသည်မို့ လင်း ထိုညက အာကာ့အိမ်ကို သွားခဲ့သည်။
အာကာက အိမ်အပေါ်ထပ် အာကာ့အခန်းတွင် ခေါ်သည်။ အာကာ့အခန်း ပြတင်းမှန်မှတဆင့် အပြင်ကို ကြည့်လိုက်လျှင် မန္တလေးမြို့၏ နန်းတွင်းအလှကို ခံစားနိုင်သည်။ ညရှုခင်းသည် မီးရောင်စုံများဖြင့် သိပ်လှသည် , အာကာက ရေယူလာပေးတော့ ရေသာက်ပြီး
အာကာပုံစံ မူမမှန်သည်ကို လင်း သတိထားမိခဲ့သည်။"ဘာဖြစ်နေတာလဲ ?"
"ဘာမှ မဖြစ်ပါဘူး !"
"ဒီနေ့လည်း နှုတ်မဆက်ဘဲ တစ်ယောက် တည်း အစောကြီးပြန်သွားတယ် , အခု မင်းကို တွေ့တော့လည်း ငါ စိတ်ထဲ စိုးရိမ်နေမိ တုန်းဘဲ.. မင်း တစ်ခုခု ဖြစ်နေတယ်မလား ? "
အာကာက လင်း အမေးကို ပြန်မဖြေ၊ အာကာမျက်ရည်တွေ ကျနေသည်ကို လင်း သတိ ထားမိတော့ အာကာ့ကို တင်းကျပ်စွာ ဖက်လိုက်မိ၏။
"မင်း ဘာဖြစ်တာလဲ ငါ့ကို ပြော !"
"လင်း , ငါ သည်းမခံနိုင်တော့ဘူး "
"ဘာဖြစ်တာလဲ ,အာကာ အဖေနဲ့ ရန်ဖြစ်ထားတာလား ?"
"ငါ ..."
အာကာလက်များ တုန်နေသည်ကို သတိထားမိ၍ လင်း ထိုလက်များကို ဆုပ်ကိုင်ထားခဲ့သည်။ လင်း ကိုင်ထားသော လက်များကို ဖြုတ်လိုက်ကာ .....
"ငါ .. တို့ သူငယ်ချင်း မလုပ်ကြရအောင် "
"အာကာ ဘာဖြစ်နေတာလဲ ၊ဟင်၊ အကြောင်း အရင်း တိတိကျကျ ငါ့ကို ပြော "
"ငါ.."
"သတ်တော့မလို့..."
လင်း အာကာ့စကားကြောင့် လန့်သွားသည်ဆိုလျှင် မမှား။ သို့သော်လည်း လင်း အာကာ့မျက်ရည်တွေကို သုတ်ပေးကာ နူးညံ့သည့် ဆံနွယ်များကို သပ်ပေးရင်း ဆို၏။
"ဘယ်သူ့ကိုလဲ , လင်းတို့ရဲ့ Genius Boy လေးက ဘာတွေ ပြောနေတာလဲ! ဟင်?"
YOU ARE READING
နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]
Romanceနွေးကလေ မောင့် နှလုံးသားကို နွေးစေခဲ့တဲ့ လေပြေလေးပါ.. _ရောင်နီမိုးတိမ် နွေးနေဆဲပါ မောင့်လေပြေ" စာရေးသူ-မယ်ရာ All Rights Re-served!