အမှာစာ , အမွာစာ

1K 22 0
                                    

Unicode -

"နွေးနေဆဲပါ မောင့်လေပြေ"

မောင့်လေပြေက စာရေးသူရဲ့ ပထမဆုံးသော စိတ်ကူးယဉ်ဇာတ်လမ်းရှည် ဖြစ်ပြီး ယောကျာ်းလေးနှစ်ယောက်ရဲ့ ချစ်ခြင်းကို ပုံဖော်ထားတာလည်း ဖြစ်ပါတယ်ရှင်။ စာဖတ်သူနဲ့ ဆက်စပ်မှု မရှိလျှင်သော်လည်းကောင်း,  စိတ်အနှောက်အယှက် ဖြစ်စရာမျိုး ဖြစ်နေလျှင် ဆက်လက် ဖတ်ရှုခြင်းမပြုဖို့ အကြံပေးပါရစေရှင်။ ဒါဆိုရင် ဆက်လိုက်ကြရအောင်,

မယ်ရာရဲ့ပထမဆုံး ဇာတ်လမ်းရှည်ဝတ္ထု ဖန်တီးမှုမှာ လိုအပ်ချက်တွေ အများကြီးရှိလာနိုင်တာမို့ အားပေးဝေဖန်(အပြုသဘောဆောင်)ပေးကြပါရှင့် ။ ဇာတ်လမ်းပါ အကြောင်းအရာများက ပြင်ပလောကတွင် စင်စစ်ရှိနိုင်မည် မဟုတ် , အရာအားလုံးက စိတ်ကူးယဉ် သက်သက်သာဖြစ်ကြောင်း မှတ်သားစေလိုပါသည်။

မယ်ရာအနေနဲ့ ဒီဝတ္ထုထဲမှာ မိုးကုတ်မြို့ အကြောင်းလေးကို ကျောက်ပွဲစားရဲ့ သဘာဝ၊ကုန်သည်ဘဝတွေနဲ့ ရောပြီး သေသေ ချာချာလေး ဖန်တီးချင်ခဲ့တာပါ။ အသေ အချာလေး ပုံဖော်ချင်ပေမဲ့ ဇာတ်ကောင်ခေါ်ရာ ဇာတ်လမ်းနောက်သာ လိုက်ရာမှာမို့ ပုံမဖော်နိုင်ခဲ့ရင် အပြီးမှာ အသေအချာလေး ပြန်ပုံဖော်ပါမယ်။ မယ်ရာအနေနဲ့ မောင့်လေပြေက လုံးဝအကောင်းကြီး မဟုတ်ခဲ့ရင်တောင်မှ စိတ်မပျက်စေရဘူးလို့ ပြောချင်ပါတယ်ရှင်။

ဖြေးဖြေးလေးနဲ့ ငြိမ်ငြိမ်လေး ရေးပါမယ် , ဇာတ်လမ်းကတော့ ဆေးကျောင်းသားနဲ့ ကုန်သည်ကြားမှာ အချိုတစ်လိုင်း ဖြစ်လာမှာတော့ အသေအချာ‌ပါဘဲ။ ရေးနေရင်း Ongoing လိုက်ပေးမဲ့သူရှိရင် အရမ်းချစ်မိမှာဘဲ ဟီး.. မဟုတ်လည်း ချစ်ရပါတယ်ရှင် ။ မယ်ရာက အခုမှ စရေးတာမို့ လိုအပ်ချက်များစွာနဲ့အတူ ‌ကြိုးစားရေးနေပါတယ်ရှင်။
မယ်ရာ့ကို အကြံပေးတဲ့သူတိုင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင် ,လိုအပ်တာတွေ ရှိရင် အချိန်မရွေး လာပြောပြပေးနိုင်ပါတယ်ရှင့် ။

Reading List ထည့်ပေးတဲ့သူတွေကိုလည်း ဖတ်ဖြစ်အောင် ဖတ်ပေးပါဦးလို့, ထည့်ပြီး မေ့နေမှာ စိုးလို့ပါ ဟီး..။ မောင့်လေပြေက မောင်typeဆိုပေမဲ့ Seme အသက်ငယ်တာမျိုး မဟုတ်ပါဘူးဗျာ , စာရေးသူ ကိုယ်တိုင်က ကိုကိုထက် မောင်နာမ်စားကို ပိုပြီး သဘောကျတတ်သူမို့ ဖြစ်နိုင်ပါတယ်။

နွေးနေဆဲပါ မောင့်လေပြေ ~ [OnGoing]Donde viven las historias. Descúbrelo ahora