(Uni)
ရှိန်းဆက်သည် လရိပ်နှင့်မြင့်မိုရ်တို့ကိုတရုတ်စားသောက်ဆိုင်တစ်ဆိုင်သို့ခေ့ါ်လာခဲ့သည်။အစားအသောက်များစွာနဲ့ ဝိုင်ကိုရှိုင်းဆက်မှာပေးလိုက်သည်။သူမကတော့ရာသီလာနေ၍ ဝိုင်မသောက်ချေ။မြင့်မိုရ် ကတော့အစားအသောက်တွေကိုစားပွဲထိုး တွေ ချပြီးသည်တစ်ပြိုင်နက် စတင်ဝါးတီးဆွဲနေလေသည်။သူမကတော့ ပုဇွန်ပေါင်းကိုဘဲစားနေလိုက်သည်။သို့ပေမယ့် ထိုပုဇွန်ပေါင်းကသူမထင်သလို အချိုမဟုတ်ဘဲ အစပ်ဖြစ်နေသောကြောင့်မျက်နှာရှုံ့မဲ့သွားမိသည်။သူမရာသီလာနေစဉ် အစပ်အမြဲတမ်းရှောင်သည်။အခုရှိုင်းဆက်မှာထားတာ အစပ်တွေချည်းဖြစ်နေသည်။မြင့်မိုရ်ကတော့ စပ်သည်လားမစပ်သည်လားမသိ အားရပါးရစားနေသည်။ရှိုင်းဆက်ကလည်းအေးအေးဆေးဆေးစားနေလေ သည်။
"လရိပ် မစားဘူးလား ခံတွင်းမတွေ့ဖူးလား အစားအသောက်တွေကနည်းနည်းစပ်ပေမယ့်စားလို့ကောင်းပါတယ် လရိပ်တို့မိန်းကလေးတွေကအစပ်ကြိုက်တတ်တယ်ထင်လို့လရိပ်တို့မိန်းကလေးတွေဦးစားပေး အစပ်တွေချည်းမှာထားပေးတာ"
လရိပ်သည် Crushက ကိုယ်တို့အတွက်စဉ်းစားပြီးမှာပေးထားသည်ကြောင့်အားနာနာနဲ့စားလိုက်ရသည်။ကိုယ်ရာသီလာနေလို့ အစပ်မစားနိုင်တာကို သူမ ရှိုင်းဆက်ကိုရှက်၍လုံး၀ပြောမထွက်ပေ။သူမသည်ပုဇွန်ပေါင်းအစပ်တစ်ပွဲကိုမနည်းကုန်အောင်စားလိုက်ရသည်။သူမစားပြီးသည်နှင့်တသ်ပြိုင်နက်ချွေးတွေပျံလာခဲ့သည်။သူမသည်ရှိုင်းဆက်သတိထားမိသွားမှာစိုးသောကြောင့် သူမ၏ချွေးထွက်နေတဲ့မျက်နှာကိုတစ်သျှူးနဲ့အမြန်သုတ်လိုက်ရသည်။
"ကိုရှိုင်းဆက် လရိပ်တို့ပြန်တော့မယ်နော်"
"ဟာ့ ပြန်တော့မှာလား လရိပ် ဝိုင်တောင်မဖောက်ရသေးဘူးလေ မပြန်ပါနဲ့ဦး ဝိုင် သောက်ပြီးမှပြန်ကြမယ်လေနော်"
"အင်း ဟုတ် ဟုတ်ကဲ့"
သူမသည်မွေးနေ့ရှင်ဖြစ်နေတဲ့Crushရဲ့တောင်းဆိုနေ မှုကြောင့် မပြန်ဘဲ ဝိုင်သောက်လိုက်ရသည်။သူမသည်ဝိုင်သောက်ပြီးသည်နှင့် ဗိုက်ကတစ်မျိုးဖြစ်လာတော့ကြောင့် ဒီထက်ပိုဆိုးမလာခင်သူမ အိမ်သို့ပြန်မှဖြစ်မည်။
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞