"ဒေါက် ဒေါက် ဒေါက်"
အချိန်ကား မနက်၃နာရီပင်ဖြစ်သည်။လရိပ်နှင့်ရှိန်းတို့နှစ်ယောက် ချစ်တင်းနှောကြပြီးနောက် ည၁၂နာရီမှသာ အိပ်ရာ၀င်ကြကုန်သည်။သူတို့နှစ်ယောက် အိပ်မောကျနေတုန်းမှာ ထိုတံခါးခေါက်သံကြောင့် လရိပ်တစ်ယောက် ဝီရိယရှိစွာဖြင့် လန့်နိုးလာခဲ့သည်။သူမရှိန်းကိုကြည့်လိုက်တော့ ရှိန်းက ထိုတံခါးခေါက်သည့်အသံကို ကြားဟန်မတူဘဲ နှစ်ခြိုက်စွာ အိပ်စက်နေတုန်းဘဲဖြစ်သည်။
"ဒေါက် ဒေါက် ဒေါက်"
ရှိန်းအခန်းရှေ့က တံခါးခေါက်သံကတော့ မရပ်မနားဘဲ ဆက်မြည်နေဆဲဘဲဖြစ်သည်။
"ဒီအချိန်ကြီးကို ဘယ်သူက တံခါးလာခေါက်ရတာလဲ အမေများလား ဒါမှမဟုတ် အဖေလား ဘာလုပ်မလို့ပါလိမ့်"
"ဒေါက် ဒေါက် ဒေါက်"
"ဟာ မဟုတ်သေးပါဘူး ငါထဖွင့်ပေးဦးမှ "
သူမရဲ့ အ၀တ်အစားတွေကို အမြန်ကောက်၍ ၀တ်လိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။သူမတံခါးသွားဖွင့်လိုက်တော့ ရှိန်းအခန်းရှေ့မှာ ဘယ်သူမှမရှိပေ။
"ဟိုက် ဘယ်သူမှလည်း မရှိပါလား ဘယ်သူက တံခါးလာခေါက်နေတာလဲ ဟင်း"
သူမ စိတ်ရှုပ်စွာဖြင့် ဆံပင်ဆွဲဖွလိုက်ပြီး တံခါးကို ပိတ်လိုက်သည်။သူမတံခါးပိတ်ပြီးနောက် ရှိန်းနှင့် ဆက်အိပ်ဖို့ အိပ်ရာဆီသို့ ဦးတည်၍ လှည့်လိုက်စဉ်....
"ဟင်"
သူမတွေ့လိုက်ရသည်က ရူပါကျော်သည် တစ်ကိုယ်လုံးမှာ သွေးသံတစ်ရဲရဲဖြင့် ရှိန်းအနားမှာ အိပ်နေခြင်းပင်။
"ရူ ရူပါကျော်"
သူမခေါ်လိုက်တော့ ရူပါကျော်သည် သူမကို မျက်လုံးပြူးဖြင့် ကြည့်လိုက်ပြီးနောက် ရှိန်းနှင့် အိပ်ရာကနေ ထလိုက်ပြီး သူမဆီကို ဖြတ်ခနဲဆိုသလို လျှင်မြန်စွာ ရောက်လာခဲ့သည်။
ထို့နောက် ရူပါကျော်သည် သူမဆီသို့ရောက်လာပြီး သူမကိုစူးစိုက်စွာ ကြည့်လိုက်၍..."လရိပ်ပျို ငါပြောခဲ့တယ်မဟုတ်လား နင်တို့ဆီကို ငါမရရအောင် ပြန်လာခဲ့မယ်လို့ အခု ချိန်ကစပြီး နင်တို့ရဲ့ဘ၀ထဲကို ငါ၀င်လာပြီးဒုက္ခတွေပေးတော့မှာ ဟား ဟား ဟား ဟား"
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞